မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဖေဖော်ဝါရီ ၁၀
ရုရှား

ခံဝန်ကတိနဲ့ လွှတ်ပေးဖို့ ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ တောင်းဆိုချက် ပယ်ချခံရ

ခံဝန်ကတိနဲ့ လွှတ်ပေးဖို့ ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ တောင်းဆိုချက် ပယ်ချခံရ

စောစီးစွာ လွှတ်ပေးဖို့ ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ တောင်းဆိုချက်ကို ကာ့စ်ခ်ပြည်နယ် တရားရုံးက ၂၀၂၁၊ ဖေဖော်ဝါရီ ၁၀ မှာ ပယ်ချလိုက်တယ်။ ကျန်ရှိတဲ့ ထောင်ဒဏ်ကို ဒဏ်ငွေနဲ့ အစားထိုးပေးဖို့ တရားရုံးမှာ ညီအစ်ကို တောင်းဆိုတယ်။ တစ်နှစ်ကျော် ခံဝန်ကတိနဲ့ လွှတ်ပေးလို့ ရပေမဲ့ တောင်းဆိုချက် ပယ်ချခံရတယ်

မကြာသေးခင်က ဇနီး အီရီနာဆီ ဒဲနစ္စ စာရေးတယ်။ “မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြစို့။ လက်မလျှော့ဘူးဆိုရင် အချိန်တန်တဲ့အခါ အသီးအပွင့်တွေကို ရိတ်သိမ်းရလိမ့်မယ်” ဆိုတဲ့ အကြိုက်ဆုံး ကျမ်းချက် ထည့်ရေးတယ်။ (ဂလ. ၆:၉) မွန်မြတ်ရာကို ဆက်လုပ်မယ်၊ တခြားသူတွေကို ဆက်ကူညီမယ်၊ လက်မလျှော့ဘဲ နေမယ်ဆိုရင် ယေဟောဝါ ဆုချမှာကို စိတ်ချတယ်ဆိုပြီးတော့လည်း ရေးတယ်။ စပြီး ထောင်ကျချိန်ကထက် ထောင်က ပြန်ထွက်ချိန်မှာ ယုံကြည်ခြင်း ပိုခိုင်မာနေချင်တယ်လို့ ပြောတယ်။

၂၀၁၇၊ မေလကတည်းက ဒဲနစ္စ ထောင်ကျနေပြီး အီရီနာနဲ့ ခွဲနေရတာ အခုဆို လေးနှစ်နီးပါး ရှိပြီ။ ယေဟောဝါကို ယုံကြည်ကိုးစားရင်း၊ တည်ငြိမ်စွာ သစ္စာစောင့်သိမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ထိန်းထားရင်း ဒဲနစ္စနဲ့ အီရီနာဟာ ကျွန်တော်တို့အတွက် ပုံသက်သေကောင်း ဆက်ဖြစ်နေပါလိမ့်မယ်။—ဖိလိပ္ပိ ၁:၁၄