မာတိကာဆီ ကျော်သွား

အပေါ်၊ ဘယ်မှညာ– ညီအစ်ကို အလက်ဆီ ဘိုဂါတို့ဗ်၊ ညီအစ်ကို ယေ့ဗ်ဂျနီ ဖော်မာရှင်၊ ညီအစ်ကို ဗလာဒီမာ မာဗင်

အောက်၊ ဘယ်မှညာ–ညီအစ်ကို အန်ဒရေ မူရစ်ချ်၊ ညီအစ်ကို ဆာဂေး တိုင်ရင်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်
ရုရှား

စရာတော့ဒေသ ရုရှားတရားရုံးက ညီအစ်ကို ငါးယောက်ကို အပြစ်ရှိကြောင်း စီရင်ချက်ချ

စရာတော့ဒေသ ရုရှားတရားရုံးက ညီအစ်ကို ငါးယောက်ကို အပြစ်ရှိကြောင်း စီရင်ချက်ချ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်မှာ စရာတော့ဒေသ၊ ဘလာကို့ဗ်စကီ ခရိုင်တရားရုံးက ညီအစ်ကို အလက်ဆီ ဘိုဂါတို့ဗ်၊ ယေ့ဗ်ဂျနီ ဖော်မာရှင်၊ ဗလာဒီမာ မာဗင်၊ အန်ဒရေ မူရစ်ချ်၊ ဆာဂေး တိုင်ရင်တို့ကို အပြစ်ရှိကြောင်း စီရင်ချက် ချလိုက်ပါတယ်။ အလက်ဆီနဲ့ ဗလာဒီမာက ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတယ်။ အန်ဒရေ၊ ဆာဂေး၊ ယေ့ဗ်ဂျနီတို့ကိုတော့ ဒဏ်ငွေ ရူဘယ် ၃၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၃၆၂) ချမှတ်လိုက်တယ်။ အခုလောလောဆယ် ညီအစ်ကိုတွေ ထောင်ထဲဝင်စရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ဘုရားသခင်ရဲ့တန်ခိုးကို အားကိုးပြီး သတင်းကောင်းအတွက် ဆင်းရဲဒုက္ခခံဖို့ အသင့်ရှိနေနိုင်တယ်ဆိုတာကို သစ္စာရှိ ညီအစ်ကို ငါးဦးရဲ့ ပုံနမူနာက ကျွန်တော်တို့ကို အမှတ်ရစေပါတယ်။—၂ တိမောသေ ၁:၈

အချိန်ဇယား

  1. ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂

    ပြစ်မှုနဲ့ စွဲချက်တင်တယ်။

  2. မတ် ၂၃၊ ၂၀၂၂

    FSB အရာရှိတွေက ညီအစ်ကိုငါးယောက်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေတယ်။ စစ်ဆေးမေးမြန်းပြီး အားလုံးကို ယာယီအချုပ်ထောင်ကို ပို့လိုက်တယ်။

  3. မတ် ၂၅၊ ၂၀၂၂

    ညီအစ်ကိုတွေကို အချုပ်ထောင်ကို ပို့လိုက်တယ်။

  4. ဇန်နဝါရီ ၂၃၊ ၂၀၂၃

    ညီအစ်ကိုတွေကို အချုပ်ထောင်ကနေ လွှတ်ပေးပြီး ခရီးသွားလာမှု ကန့်သတ်တယ်။

  5. ဇူလိုင် ၂၁၊ ၂၀၂၃

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။

  6. နိုဝင်ဘာ ၂၃၊ ၂၀၂၃

    အပြစ်ရှိကြောင်း စီရင်ချက်ချတယ်။