မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ညီအစ်ကို ဗလာဒီမာ ဒက်ရှ်ကို၊ ညီအစ်ကို ယူရီ လော့ဂျင်စကီ၊ ညီအစ်ကို ယူရီ မိုကာလျက်နဲ့ ညီအစ်မ တတ်ယာနာ ဗီလီဇန်နီနာ

၂၀၂၂ ခုနှစ်၊ မေ ၂၄ ရက်
ရုရှား

ဆိုချီမြို့တရားရုံးမှာ စီရင်ချက် ချခံရပေမဲ့ ကြံ့ကြံ့ခံ ရပ်တည်

ဆိုချီမြို့တရားရုံးမှာ စီရင်ချက် ချခံရပေမဲ့ ကြံ့ကြံ့ခံ ရပ်တည်

၂၀၂၂ ခုနှစ်၊ မတ် ၂၈ ရက်မှာ ဆိုချီမြို့၊ ဟို့စတင်စတီခရိုင်တရားရုံးက ညီအစ်ကို ဗလာဒီမာ ဒက်ရှ်ကို၊ ညီအစ်ကို ယူရီ လော့ဂျင်စကီ၊ ညီအစ်ကို ယူရီ မိုကာလျက်နဲ့ ညီအစ်မ တတ်ယာနာ ဗီလီဇန်နီနာ တို့ရဲ့အမှုကို စီရင်ချက်ချခဲ့တယ်။ ညီအစ်ကို ဒက်ရှ်ကိုကို ထောင်ဒဏ် တစ်နှစ်နဲ့ လေးလ၊ ညီအစ်မ ဗီလီဇန်နီနာကို ထောင်ဒဏ် တစ်နှစ်နဲ့ ငါးလ ချမှတ်လိုက်တယ်။ သူတို့နှစ်ယောက်စလုံးဟာ အချုပ်ထောင်မှာ အချုပ်ခံပြီးပြီဖြစ်လို့ အကျဉ်းထောင်သွားစရာ မလိုဘူး။ ညီအစ်ကို လော့ဂျင်စကီနဲ့ မိုကာလျက်ဟာ ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရတယ်။ သူတို့လည်း အခုလောလောဆယ် အကျဉ်းထောင်သွားစရာ မလိုပါဘူး။

အချိန်ပြဇယား

  1. မတ် ၂၄၊ ၂၀၂၁

    လေးယောက်စလုံး အဖမ်းခံရပြီး ယာယီအချုပ်ထောင်မှာ ထိန်းသိမ်းခံရတယ်။ သူတို့ကို အစွန်းရောက်အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ခဲ့တယ်။

  2. မတ် ၂၆၊ ၂၀၂၁

    ညီအစ်ကို ဒက်ရှ်ကိုနဲ့ ညီအစ်မ ဗီလီဇန်နီနာကို ၂၄၉ မိုင်ဝေးတဲ့ အချုပ်ထောင်ဆီ ပို့လိုက်တယ်။ ညီအစ်ကို လော့ဂျင်စကီနဲ့ မိုကာလျက်ကို နေအိမ်အကျယ်ချုပ် ချလိုက်တယ်။

  3. ဖေဖော်ဝါရီ ၃၊ ၂၀၂၂

    ညီအစ်ကို ဒက်ရှ်ကိုကို အချုပ်ထောင်ကနေ ပြန်လွှတ်ပြီး နေအိမ်အကျယ်ချုပ် ချလိုက်တယ်။

  4. မတ် ၃၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

  5. မတ် ၄၊ ၂၀၂၂

    ညီအစ်မ ဗီလီဇန်နီနာကို အချုပ်ထောင်ကနေ ပြန်လွှတ်ပြီး နေအိမ်အကျယ်ချုပ် ချလိုက်တယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဟာ သစ္စာရှိကျေးကျွန်တွေကို ခိုင်ခံ့မြဲမြံစေမယ်၊ ခက်ခဲကြမ်းတမ်းတဲ့ ဒီနောက်ဆုံးကာလကို ခံရပ်နိုင်ဖို့ သူတို့လိုအပ်ရာမှန်သမျှ ဆက်ထောက်မပေးနေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။​—⁠ဆာလံ ၈၉:⁠၂၁

a b ကိုယ်ပိုင်မှတ်ချက် မရနိုင်ခဲ့ပါ။