မာတိကာဆီ ကျော်သွား

ရုရှားမှာ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရတဲ့ ညီအစ်ကို/မ ၈၀ ကျော်ထဲက သုံးယောက်

အောက်တိုဘာ ၁၄၊ ၂၀၂၁
ရုရှား

ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်ခံရတဲ့ ယေဟောဝါသက်သေ ၈၀ ကျော်ရဲ့ ဘဝ ဘယ်လို နေသလဲ

ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်ခံရတဲ့ ယေဟောဝါသက်သေ ၈၀ ကျော်ရဲ့ ဘဝ ဘယ်လို နေသလဲ

၂၀၁၇၊ ဧပြီလကစပြီး ရုရှား အစိုးရဟာ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ပိတ်ပင်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ညီအစ်ကို/မ ၅၀၀ ကျော် အဖမ်းခံရတယ်၊ အစွန်းရောက်သမားတွေအဖြစ် စွဲချက်တင်ခံရတယ်။ သက်သေခံ ၄၀ လောက် ထောင်ချခံရပြီး ၁၅ ယောက် ဒဏ်ငွေတပ်ခံရတယ်။ သက်သေခံ ၈၀ ကျော်ကို ပြစ်မှုထင်ရှားတယ်ဆိုပြီး ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်လိုက်တယ်။ လောလောဆယ် သူတို့ ထောင်ထဲ မသွားရပေမဲ့ ဒီစီရင်ချက်တွေက တရားမမျှတတဲ့အပြင် အတော်လေး ထိခိုက်နစ်နာစေတယ်။

ရုရှားရဲ့ ရာဇဝတ်မှုဆိုင်ရာ ဥပဒေအရ တရားသူကြီးက ထောင်ဒဏ်အစား ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်ပိုင်ခွင့် ရှိတယ်။ ဆိုင်းငံ့ ထောင်ဒဏ်ဆိုရင် တရားသူကြီးက စောင့်ကြည့်ကာလ သတ်မှတ်ပြီး ကန့်သတ်ချက်တချို့ကို ချမှတ်ပါလိမ့်မယ်။ ပြစ်ဒဏ်ကျသူဟာ စောင့်ကြည့်ကာလမှာ ကန့်သတ်ချက် တစ်စုံတစ်ရာ ချိုးဖောက်ရင် တရားရုံးက ဆိုင်းငံ့ စီရင်ချက်အစား မူလ ချမှတ်ထားတဲ့ ထောင်ဒဏ် ချမှတ်လို့ ရတယ်။

ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်ခံရသူရဲ့ ဘဝက ဘယ်လို နေသလဲ။ ဒီလိုကြုံရတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါဘုရား ဘယ်လို ကူညီနေသလဲ။ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ကနေ ခြောက်နှစ်အထိ ချမှတ်ခံရသူတချို့ကို လူတွေ့မေးမြန်းထားပါတယ်။ သူတို့ ကြုံရတဲ့ အခက်အခဲ၊ ခံနိုင်ရည် ရှိအောင် ယေဟောဝါဘုရား ကူညီပေးခဲ့ပုံကို ပြောပြကြတယ်။

ဆိုင်းငံ့ ထောင်ဒဏ်ကျသူတွေရဲ့ ဘဝအကြောင်း ပိုသိလာတော့ သူတို့နဲ့ သူတို့မိသားစုတွေအတွက် ပိုဆုတောင်းပေးဖို့၊ သတ်သတ်မှတ်မှတ် ဆုတောင်းပေးဖို့ လှုံ့ဆော်မှု ဖြစ်စေတယ်။ ဒီဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်တယ်၊ သစ္စာရှိသူတွေ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ထောက်မပေးတယ်ဆိုတာ သူတို့ရဲ့ တွေ့ကြုံမှုတွေက ထပ်ဆင့် သက်သေပြလိုက်တာပါပဲ။—၂ ကောရိန္သု ၁:၃၊ ၄