မာတိကာဆီ ကျော်သွား

ညီအစ်မ ယေလီနာ ဘာမာကီနာနဲ့ ခင်ပွန်း ဒီမီထရီ

စက်တင်ဘာ ၂၈၊ ၂၀၂၀
ရုရှား

ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းတို့ကြောင့် ညီအစ်မ ယေလီနာ ဘာမာကီနာ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရ

ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းတို့ကြောင့် ညီအစ်မ ယေလီနာ ဘာမာကီနာ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရ

စီရင်ချက်ချမယ့်အချိန်

၂၀၂၀၊ စက်တင်ဘာ ၂၉ မှာ a ဗလာဒီဗော့စ်တော့၊ ပါဗိုရက်ချ်ကင်စကီ ခရိုင်တရားရုံးက ညီအစ်မ ယေလီနာ ဘာမာကီနာရဲ့ အမှုကို စီရင်ချက် ချပါမယ်။ ဆိုင်းငံ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရဖွယ် ရှိတယ်။ ညီအစ်မ ဘာမာကီနာရဲ့ စီရင်ချက်ကို စောင့်နေချိန်မှာ သူ့ခင်ပွန်း ဒီမီထရီရဲ့ အမှုကို သီးသန့်ခွဲပြီး ကြားနာနေပါတယ်။

ကိုယ်ရေးအကျဉ်း

ယေလီနာ ဘာမာကီနာ

  • မွေးဖွားတဲ့နှစ်။ ၁၉၆၇ (ချဲရီပါနိုဗို၊ နိုဗိုဆာဘီရိခ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ သက်ကြီးရွယ်အို မိဘနဲ့ အဖွားကို အဓိက ကြည့်ရှုပြုစုနေသူပါ။ ဓာတ်ပုံရိုက် ဝါသနာပါရာကနေ ဓာတ်ပုံဆရာ ဖြစ်လာတယ်။ ရေကူးတာ၊ ခြေကျင်ခရီးဝေး လမ်းလျှောက်ရတာကို ဝါသနာပါတယ်

  • ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတဲ့အခါ ပြည့်စုံပြီးသား ပရောဖက်ပြုချက်တွေအကြောင်း သိလာပြီး ဘုရားသခင် တန်ခိုးကြီးတယ်ဆိုတာ ယုံကြည်စိတ်ချလာတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးမှန်း ကိုယ်တိုင် ကြုံရလို့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။ ၂၀၀၆ မှာ ဒီမီထရီနဲ့ လက်ထပ်တယ်

အမှုနောက်ကြောင်း

၂၀၁၈၊ ဇူလိုင် ၂၈ မနက် ၇ နာရီမှာ မျက်နှာဖုံးစွပ်၊ လက်နက်ကိုင် ရဲတွေက ညီအစ်မ ယေလီနာ ဘာမာကီနာရဲ့ အသက် ၉၀ အရွယ် အဖွားနေတဲ့ တိုက်ခန်းကို ချိုးဖျက် ဝင်ရောက်လာကြတယ်။ ညီအစ်မ ဘာမာကီနာနဲ့ ခင်ပွန်း ဒီမီထရီက အဖွားကို ပြုစုစောင့်ရှောက်ဖို့ အဲဒီကို ရောက်နေတာပါ။ ညီအစ်ကို ဘာမာကင်ကို ဖမ်းသွားပြီး အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ချုပ်ထားကြတယ်။ ညီအစ်မ ဘာမာကီနာကို “နောက်တစ်ခေါက် မင်းအလှည့်ပဲ” လို့ ခြိမ်းခြောက်ကြတယ်။

တစ်နှစ်အကြာမှာ ညီအစ်မ ဘာမာကီနာရဲ့ ဘဏ်အကောင့်ကို ပိတ်လိုက်ကြတယ်။ ၂၀၁၉၊ ဩဂုတ် ၆ ရက်နေ့မှာ စုံထောက်တစ်ဦးက ညီအစ်မ ဘာမာကီနာကို ရာဇဝတ်မှုနဲ့ စွဲချက်တင်တယ်။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ တရားနာခြင်းတို့ ပြုလုပ်လို့ပါ။ သူတို့ ပြောတဲ့ ရာဇဝတ်မှုဆိုတာ ဝတ်ပြုရေးနဲ့ ဆိုင်တဲ့ လုပ်ရပ်မျှသာ ဖြစ်လို့ ညီအစ်မရဲ့ ရှေ့နေက စွဲချက်ကို ပယ်ဖျက်ဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ညီအစ်မရဲ့ လုပ်ရပ်တွေဟာ ရုရှားဥပဒေ တားမြစ်ထားတဲ့ “အစွန်းရောက် လုပ်ဆောင်မှု” မှာ အကျုံးဝင်တယ်ဆိုတဲ့ အစိုးရ ရှေ့နေအဆိုကို တရားသူကြီးက ထောက်ခံတယ်။

အခုလို ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကြောင့် ညီအစ်မ ဘာမာကီနာမှာ စိတ်ရောကိုယ်ပါ ဖိစီးမှုတွေ ကြုံနေတယ်။ ခင်ပွန်းကို အမှုစစ်ဆေးခြင်း မရှိဘဲ ချုပ်ထားတဲ့အတွက် ၄၄၇ ရက် ခွဲနေခဲ့ရတယ်။ စုံစမ်းစစ်ဆေးဖို့ ဆင့်ခေါ်တိုင်း သွားနေရလို့ အလုပ်အကိုင် ရဖို့လည်း ခက်နေတယ်။

ညီအစ်ကို/မတွေရဲ့ သမာဓိကို ချိုးဖျက်ဖို့ ရုရှားအာဏာပိုင်တွေ “တအား တွန်းချ” နေမှန်း ကျမ်းစာလေ့လာမှုကနေ သိပြီးသားမို့ ကျွန်တော်တို့ မအံ့ဩကြပါဘူး။ ဒါပေမဲ့ ယေဟောဝါဟာ သူတို့အတွက် လုံခြုံတဲ့ “ခိုနားရာ၊ အစွမ်းတန်ခိုး” ဆက်ဖြစ်နေမယ်ဆိုတာ သိထားလို့ စိတ်သက်သာရာ ရပါတယ်။—ဆာလံ ၁၁၈:၁၃၊ ၁၄

a အပြောင်းအလဲ ရှိနိုင်