မာတိကာဆီ ကျော်သွား

ဆုံးသွားတာ မကြာသေးတဲ့ ညီအစ်ကို အီဂေါ် အဗရာမင်ကိုနဲ့ ဇနီး ယာလေနာ။

မတ် ၃၀၊ ၂၀၂၀
ရုရှား

ဆုံးသွားတဲ့ ညီအစ်ကိုရဲ့ အိမ်ကို ရုရှား FSB ရဲတွေ မွှေနှောက်ရှာဖွေ

ဆုံးသွားတဲ့ ညီအစ်ကိုရဲ့ အိမ်ကို ရုရှား FSB ရဲတွေ မွှေနှောက်ရှာဖွေ

၂၀၂၀၊ မတ် ၂၃ ရက်နေ့မှာ ရုရှားနိုင်ငံ ခါဘရော့ပြည်နယ်၊ ဖယ်ဒရယ်လုံခြုံရေးဌာန (FSB) ရဲတွေဟာ ပြီးခဲ့တဲ့ခြောက်ရက်က နှလုံးရောဂါနဲ့ ဆုံးသွားတဲ့ ညီအစ်ကို အီဂေါ် အဗရာမင်ကိုရဲ့ အိမ်ကို မွှေနှောက်ရှာဖွေကြတယ်။ ရှာဖွေဝရမ်းမှာ ညီအစ်ကို အဗရာမင်ကိုရဲ့ နာမည်ပဲ ပါပေမဲ့ ကျန်ရစ်သူ မုဆိုးမ ယာလေနာရဲ့ ကွန်ပျူတာ၊ ကင်မရာနဲ့ တခြား ပစ္စည်းတွေကို သိမ်းယူသွားကြတယ်။

အဲဒီနေ့အစောပိုင်းမှာ ညီအစ်မ အဗရာမင်ကို အလုပ်ခွင်ကို ရဲတွေ ရောက်လာပြီး အိမ်ကို ခေါ်သွားကြတယ်။ အိမ်ရောက်တော့ စုံစမ်းစစ်ဆေးရေးမှူး စတဲနစ်ရှ်လက် ဂရီဘင်ကင်က ရှာဖွေဝရမ်းနဲ့ စောင့်နေတယ်။ ညီအစ်ကို အဗရာမင်ကို ဆုံးသွားပြီလို့ ညီအစ်မ ပြောပြတဲ့အခါ စုံစမ်းစစ်ဆေးရေးမှူးက သိတယ်၊ ဒါပေမဲ့ ညီအစ်ကို မဆုံးခင်ကတည်းက ရှာဖွေဝရမ်း ထုတ်ပြီးသားဖြစ်နေလို့ ရှာဖွေရမှာလို့ ပြောတယ်။

“ဒီအမှုကို ပိတ်ရတော့မယ်၊ ပြီးရင် [FSB] မှတ်တမ်းဖိုင်ထဲ သိမ်းရမယ်” ဒါကြောင့် ရဲတွေက အပေါ်ယံလောက်ပဲ ရှာကြမှာပါလို့ စုံစမ်းစစ်ဆေးရေးမှူးက ပြောတယ်။ ဒါပေမဲ့ ညီအစ်မရဲ့ အိမ်ကို စေ့စေ့စပ်စပ် မွှေနှောက်ရှာဖွေကြတယ်။

ခါဘရော့ပြည်နယ်က သက်သေခံ ဆယ်ယောက်ကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ရုရှား ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို ချိုးဖျက်ဖို့ အာဏာပိုင်တွေ ဆက်တိုက် ကြိုးစားနေပေမဲ့ မေတ္တာရှင် ဖခင် ယေဟောဝါကို “တည်ငြိမ်စွာ ယုံကြည်ကိုးစား” ကြတဲ့အတွက် သူတို့ “ခွန်အား” ရှိနေကြမယ်လို့ ယုံတယ်။—ဟေရှာယ ၃၀:၁၅