မာတိကာဆီ ကျော်သွား

ဝဲ။ အဲန်တန် ကူဇရယ်ကော့ဗ်နဲ့ ဇနီး အာလယိုနာ။ ယာ။ နီကိုလီ ပရိုဟိုရော့ဗ်နဲ့ ဇနီး ယီလေနာ

၂၀၂၂၊ ဇန်နဝါရီ ၂၇
ရုရှား

ညီအစ်ကိုနှစ်ဦး ယေဟောဝါရဲ့ လက်တော်ကို မြင်ပြီး ရဲစွမ်းသတ္တိ ဆက်ရှိနေကြ

ညီအစ်ကိုနှစ်ဦး ယေဟောဝါရဲ့ လက်တော်ကို မြင်ပြီး ရဲစွမ်းသတ္တိ ဆက်ရှိနေကြ

တာမ်ဘော့ဗ်ဒေသ ကီရစာနော့ဗ်စကီ ခရိုင်တရားရုံးက ညီအစ်ကို အဲန်တန် ကူဇရယ်ကော့ဗ်နဲ့ နီကိုလီ ပရိုဟိုရော့ဗ်တို့ရဲ့ အမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မကြာမီ ကြေညာပါမယ်။ ချမှတ်ရမယ့် ပြစ်ဒဏ်ကို အစိုးရရှေ့နေ တောင်းဆိုထားခြင်း မရှိသေးပါ

အချိန်ပြဇယား

  1. ၂၀၂၀၊ ဒီဇင်ဘာ ၂၁

    အဲန်တန်နဲ့ နီကိုလီတို့ကို အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို ဖွဲ့စည်းပေးမှုနဲ့ ပြစ်ဒဏ်စီရင်ခဲ့တယ်

  2. ၂၀၂၀၊ ဒီဇင်ဘာ ၂၄

    အဲန်တန်ရဲ့ နေအိမ်အပါအဝင် ၁၉ နေရာကို ရဲအရာရှိတွေ ဝင်ရောက်ရှာဖွေတယ်။ အဲန်တန်ကို မေးမြန်းစစ်ဆေးဖို့ သူ့အိမ်ကနေ ၃၅၀ ကီလိုမီတာ (၂၁၇ မိုင်) ဝေးတဲ့နေရာကို ဖမ်းခေါ်သွားတယ်။ နီကိုလီကို မေးမြန်းစစ်ဆေးပြီးနောက် အကျယ်ချုပ် ချလိုက်တယ်

  3. ၂၀၂၀၊ ဒီဇင်ဘာ ၂၅

    အဲန်တန်ကို အိမ်ပြန်ခွင့် မပေးဘူး။ အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ အကျဉ်းချထားတယ်

  4. ၂၀၂၁၊ သြဂုတ် ၃၀

    အဲန်တန်ကို နောက်အကျဉ်းထောင်တစ်ခုဆီ ပို့လိုက်တယ်

ကိုယ်ရေးအကျဉ်း

ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါဘုရား ရဲစွမ်းသတ္တိ ဆက်ပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချတယ်။—ပညာအလိမ္မာ ၁:၃၃

a လောလောဆယ် ညီအစ်ကို ကူဇရယ်ကော့ဗ်ဟာ ဖမ်းဆီးခံထားရတဲ့အတွက် သူနဲ့ အဆက်အသွယ် မရသေးပါဘူး