မာတိကာဆီ ကျော်သွား

ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်ဟာ ထောင်ကလွတ်ပြီးပြီးချင်း ဇနီး အီရီနာကို ခဏ တွေ့ခွင့်ရတယ်။ ပြည်နှင်ခံဖို့ စောင့်နေချိန် အကျဉ်းထောင်မှာ ယာယီ ချုပ်ထားပါတယ်

မေ ၅၊ ၂၀၂၁
ရုရှား

ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ် ရုရှားအကျဉ်းထောင်က လွတ်လာပြီးနောက် ယူကရိန်းကို ပြည်နှင်ခံရဖို့ စောင့်ဆိုင်းနေ

ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ် ရုရှားအကျဉ်းထောင်က လွတ်လာပြီးနောက် ယူကရိန်းကို ပြည်နှင်ခံရဖို့ စောင့်ဆိုင်းနေ

၂၀၂၁၊ မေ ၅ ရက်မှာ ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်ဟာ ပြစ်ဒဏ်ရက်စေ့လို့ ဒီမီထရို့ဗ်ဂါ့မြို့ အကျဉ်းထောင်ကနေ လွတ်လာပါတယ်။ သူဟာ ၂၀၂၀၊ မေလမှာ ရုရှားနိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းခံထားရတဲ့အတွက် ပြည်နှင်ခံ တိုင်းတစ်ပါးသားတွေကို ထားတဲ့ ယာယီ အကျဉ်းထောင်ဆီ ရွှေ့ပြောင်းပေးထားတယ်။ မကြာခင် ယူကရိန်းကို ပြည်နှင်ခံရပါတော့မယ်။