မာတိကာဆီ ကျော်သွား

ဇွန် ၉၊ ၂၀၂၀
ရုရှား

ညီအစ်ကို ဂျနဒီ ရှပါကိုစကီကို ရုရှားအကျဉ်းထောင်မှာ ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်

ညီအစ်ကို ဂျနဒီ ရှပါကိုစကီကို ရုရှားအကျဉ်းထောင်မှာ ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်

၂၀၂၀၊ ဇွန် ၉၊ အင်္ဂါနေ့မှာ ပါစကော့မြို့တရားရုံးက အသက် ၆၁ နှစ်အရွယ် ညီအစ်ကို ဂျနဒီ ရှပါကိုစကီကို ရုရှားအကျဉ်းထောင်မှာ ခြောက်နှစ်ခွဲ ပြစ်ဒဏ်ကျခံစေဖို့ စီရင်ချက်ချလိုက်ပါတယ်။ စီရင်ချက်ချပြီးတာနဲ့ ထောင်ကို ခေါ်သွားကြတယ်။ ၂၀၁၇ ခုနှစ်မှာ ရုရှားတရားရုံးချုပ်က ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ရာဇဝတ်မှုအဖြစ် စီရင်ချက်ချပြီးနောက်ပိုင်း ညီအစ်ကိုတွေအပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေထဲမှာ အများဆုံး ပြစ်ဒဏ်ပါပဲ။ ဒီစီရင်ချက်အတွက် ညီအစ်ကို ရှပါကိုစကီ အယူခံဝင်ပါမယ်။