မာတိကာဆီ ကျော်သွား

ညီအစ်ကို ဂျနဒီ ရှပါကိုစကီ ထောင်က လွတ်လာချိန်မှာ ဇနီး တတီရာနာ၊ သမီး မာရီယာတို့နဲ့အတူ တွေ့ရစဉ်

သြဂုတ် ၃၊ ၂၀၂၀
ရုရှား

ညီအစ်ကို ဂျနဒီ ရှပါကိုစကီ ထောင်ကနေ လွတ်လာ

ညီအစ်ကို ဂျနဒီ ရှပါကိုစကီ ထောင်ကနေ လွတ်လာ

၂၀၂၀၊ သြဂုတ် ၃၊ တနင်္လာနေ့မှာ ပါစကော့ဒေသ တရားရုံးက ညီအစ်ကို ဂျနဒီ ရှပါကိုစကီကို ထောင်ကနေ လွှတ်ပေးဖို့ အမိန့်ချလိုက်ပါတယ်။ တရားရုံးက ညီအစ်ကိုကို အပြစ်ရှိကြောင်း စီရင်ပေမဲ့ ထောင်ဒဏ် ခြောက်နှစ်ခွဲအစား ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။ ခံဝန်ချုပ်နဲ့ လွှတ်ပေးတဲ့ နှစ်နှစ်အပါအဝင် ဖြစ်တယ်။ တရားရုံး အမိန့်ချပြီး နာရီအနည်းငယ်အကြာမှာ ညီအစ်ကို ရှပါကိုစကီ ထောင်ကနေ လွတ်လာတယ်။ ဒီအတွက် အစိုးရရှေ့နေ အယူခံဝင်နိုင်ပါတယ်။