မာတိကာဆီ ကျော်သွား

အကျယ်ချုပ်ကနေ လွှတ်ပေးဖို့ တရားရုံးက ဆုံးဖြတ်ချက်ချပြီးနောက်မှာ ညီအစ်ကို အန်ဒရေ စတူပနီကော့ (အလယ်) နဲ့အတူ မိတ်ဆွေများကို တွေ့ရစဉ်

ဇူလိုင် ၅၊ ၂၀၁၉
ရုရှား

ညီအစ်ကို စတူပနီကော့ကို အကျယ်ချုပ်ကနေ လွှတ်ပေး

ညီအစ်ကို စတူပနီကော့ကို အကျယ်ချုပ်ကနေ လွှတ်ပေး

ရုရှားနိုင်ငံ၊ ကရာနိုယာ့စ် တရားရုံးက အကျယ်ချုပ် ကျနေတဲ့ ညီအစ်ကို အန်ဒရေ စတူပနီကော့ကို လွှတ်ပေးဖို့ ၂၀၁၉၊ ဇူလိုင် ၂ ရက်နေ့မှာ ဆုံးဖြတ်လိုက်တယ်။ အကျယ်ချုပ်နဲ့ မနေရတော့ပေမဲ့ စွဲဆိုခံထားရတဲ့ ရာဇဝတ်ပြစ်မှုကတော့ ကျန်ရှိနေသေးတယ်။

ညီအစ်ကို အန်ဒရေ စတူပနီကော့

ညီအစ်ကို စတူပနီကော့ဟာ ကရာနိုယာ့စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ၂၀၁၈၊ ဇူလိုင် ၃ ရက်နေ့တုန်းက မနက်စောစော လေယာဉ်စီးဖို့ စာရင်းသွင်းနေတယ်။ ဖယ်ဒရယ် လုံခြုံရေးဌာနက ရဲနှစ်ယောက် ရောက်လာပြီး ညီအစ်ကို စတူပနီကော့ကို ဖမ်းလိုက်တယ်။ အဲဒီနောက် စုံစမ်းမေးမြန်းခြင်း မရှိဘဲ ရှစ်လကြာ ဖမ်းချုပ်ထားပြီး ၂၀၁၉၊ ဖေဖော်ဝါရီလကုန်ပိုင်းမှာ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းပေးလိုက်တယ်။

ညီအစ်ကို စတူပနီကော့ရဲ့ စကားအရ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး ကိုယ့်ကိုယ်ကိုယ်နဲ့၊ ကိုယ်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး အခြေအနေအကြောင်း အများကြီး သိလာရတယ်။ သူဒီလိုပြောတယ်– “[အော်လ်ဂါနဲ့ ကျွန်တော်] ယေဟောဝါသက်သေ ဖြစ်တာ နှစ်အတော်ကြာပြီ။ ဒါပေမဲ့ တစ်ခါမှ ယေဟောဝါနဲ့ ဒီလောက် မရင်းနှီးခဲ့ဖူးဘူး။ အခက်ခဲဆုံးအချိန်တွေမှာ အဖဘုရားက ကျွန်တော်တို့ကို နှစ်သိမ့်ပေးတယ်၊ ထောက်မပေးတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော့်အနီးအနားမှာ ရှိနေတာ၊ ကျွန်တော့်ဆုတောင်းချက်ကို မြန်မြန် အဖြေပေးတာတွေ တွေ့ရလို့ အံ့ဩခဲ့ရတယ်။”

ညီအစ်ကို စတူပနီကော့ ဒီလို နိဂုံးချုပ်ပြောသွားတယ်– “ကျွန်တော့်ရဲ့ ခံစားချက်တွေကို အဖဘုရား သိနေတယ်၊ နားလည်တယ်ဆိုတာ အရင်ကထက် ပိုယုံကြည်စိတ်ချသွားပြီ။ ဒီကိုယ်တွေ့ အဖြစ်အပျက်ကနေ ဘုရားကို ပိုအပြည့်အဝ ယုံကြည်ကိုးစားဖို့၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ပတ်သက်ပြီး တရားလွန် မစိုးရိမ်ဖို့ သိလာရတယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆုံးရှုံးသွားမှာကိုသာ ပိုစိုးရိမ်သင့်တယ်။ ဘုရားနဲ့သာ အတူရှိရင် ဘယ်အရာကိုမဆို ကျော်လွှားအောင်မြင်နိုင်မယ်လို့ ယုံကြည်စိတ်ချတယ်။”

ရုရှားမှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေ ရာဇဝတ်မှုနဲ့ တရားစွဲခံထားရတဲ့ စာရင်းဟာ ဇူလိုင် ၁ ရက်နေ့မှာ ၂၁၇ ယောက် ရှိသွားပြီ။ တချို့ အခြေအနေမှာတော့ ရုရှားအာဏာပိုင်တွေဟာ ညီအစ်ကိုတချို့ကို ကန့်သတ်ချက်တွေ ဖြေလျှော့ပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လူ့တရားရုံးတွေ၊ လူ့အစိုးရ အရာရှိတွေကို အားမကိုးကြဘူး။ ယေဟောဝါကိုပဲ အားကိုးတယ်။ ရုရှားမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဝတ်ပြုသူချင်းအားလုံးကို ယေဟောဝါ အစွမ်းခွန်အား ဆက်ပေးဖို့၊ ဆက်ကာကွယ်ပေးဖို့ ဆုတောင်းပေးပါတယ်။—ဆာလံ ၂၈:၇