မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆာဂေး ဂရိုမို့နဲ့ ဇနီး ယယ်လီနာ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်
ရုရှား

ညီအစ်ကို ဆာဂေး ဂရိုမို့ ရုရှားအကျဉ်းထောင်မှာ ထောင်ဒဏ် ခြောက်နှစ်နဲ့ တစ်လ ချမှတ်ခံရ

ညီအစ်ကို ဆာဂေး ဂရိုမို့ ရုရှားအကျဉ်းထောင်မှာ ထောင်ဒဏ် ခြောက်နှစ်နဲ့ တစ်လ ချမှတ်ခံရ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်မှာ ကာဇန်မြို့၊ မော်စကိုစကီ ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး ဂရိုမို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ထောင်ဒဏ် ခြောက်နှစ်နဲ့ တစ်လ ချမှတ်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်ကတည်းက သူ့ကို ဖမ်းဆီးထားတာဖြစ်တယ်။ သူ ထောင်ထဲမှာ ဆက်နေရပါမယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါအပေါ် သစ္စာရှိပြီး အားကိုးတတ်တဲ့ ဆာဂေးနဲ့ ယယ်လီနာရဲ့ ပုံသက်သေကောင်းအတွက် ကျေးဇူးတင်ပါတယ်။ သူတို့ ဆက်သစ္စာစောင့်သိနေတာ၊ ယေဟောဝါဆီက ကောင်းချီးတွေ ခံစားနေရတာကို တွေ့နေရတဲ့အတွက် “ယေဟောဝါက မကယ်တင်နိုင်လောက်အောင် လက်တော်မတိုပါဘူး။ မကြားနိုင်လောက်အောင် နားမထိုင်းပါဘူး” ဆိုတဲ့ ကျမ်းစကားကို ပိုယုံကြည်စိတ်ချစေပါတယ်။—ဟေရှာယ ၅၉:၁

အချိန်ပြဇယား

  1. မတ် ၁၅၊ ၂၀၂၂

    ပြစ်မှုနဲ့ တရားစွဲတယ်။ စစ်ဆေးမေးမြန်းဖို့ ခေါ်သွားပြီး ယာယီအချုပ်ထောင်မှာ ချုပ်ထားတယ်။

  2. မတ် ၁၆၊ ၂၀၂၂

    နေအိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေတယ်။

  3. မတ် ၁၇၊ ၂၀၂၂

    အချုပ်ထောင်ကို အပို့ခံရတယ်။

  4. မတ် ၃၀၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာ စစ်ဆေးတယ်။

  5. စက်တင်ဘာ ၁၄၊ ၂၀၂၃

    အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် ခြောက်နှစ်နဲ့ တစ်လ ချမှတ်လိုက်တယ်။

a ဒီဆောင်းပါးကို ရေးသားပြုစုနေချိန်မှာ ညီအစ်ကို ဂရိုမို့ အချုပ်ကျနေတဲ့အတွက် သူ့ဆီက ကိုယ်ပိုင်မှတ်ချက် မရနိုင်ခဲ့ပါ။