မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆာဂေး ပိုလ်ယာကို့ဗ်နဲ့ ဇနီး အန်နာစတေးရှာ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်
ရုရှား

ညီအစ်ကို ဆာဂေး ပိုလ်ယာကို့ဗ် ရုရှားထောင်မှ လွတ်လာ

ညီအစ်ကို ဆာဂေး ပိုလ်ယာကို့ဗ် ရုရှားထောင်မှ လွတ်လာ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်မှာ ညီအစ်ကို ဆာဂေး ပိုလ်ယာကို့ဗ်ဟာ ထောင်ဒဏ်သုံးနှစ်စေ့သွားလို့ လွတ်လာပါတယ်။ ၂၀၁၈၊ ဇူလိုင် ၄ ရက်မှာ အဖမ်းခံရပြီးနောက် တစ်ယောက်တည်း ငါးလ တိုက်ပိတ်ခံရတာ အပါအဝင် ပုံစံအမျိုးမျိုးနဲ့ ထောင်ကျခဲ့တယ်။

ဆာဂေး ထောင်ကမလွတ်ခင် နောက်ဆုံး ၁၆ လက အိမ်ကနေ မိုင် ၁,၈၀၀ လောက်ဝေးတဲ့ ဝေါဒေးမြို့ အကျဉ်းထောင်မှာ နေခဲ့ရတယ်။ သူ့ကို ယုံကြည်ခြင်း အားကြီးသူလို့ လူသိများတယ်။ အကျဉ်းထောင် ဝန်ထမ်းတွေနဲ့ ထောင်သားချင်းတွေရဲ့ လေးစားမှု ခံရတယ်။ အကျဉ်းကျနေချိန်အတွင်း မိတ်ဆွေနဲ့ ဆွေမျိုးတွေဆီကရတဲ့ စာတွေအများကြီးကြောင့် ဆာဂေး ခွန်အားရခဲ့တယ်။ တစ်ခါတလေ တစ်ရက်ကို ဆာဂေး ရတဲ့စာတွေဟာ အဲ့ဒီမှာရှိတဲ့ အကျဉ်းသား ၂၅၀ စုစုပေါင်း ရတဲ့စာတွေထက် ပိုများတယ်။

ဆာဂေး ထောင်ကလွတ်လာပြီဖြစ်လို့ ဇနီးဖြစ်သူ အန်နာစတေးရှာနဲ့ ပြန်ဆုံဆည်းရပါပြီ။ အန်နာစတေးရှာလည်း တစ်ယောက်တည်း ငါးလ တိုက်ပိတ်ခံခဲ့ရတယ်။ အဲဒီနောက် ယုံကြည်ခြင်းကို ကျင့်သုံးမှုနဲ့ အပြစ်ရှိကြောင်း စီရင်ခံရပြီး ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရတယ်။ သူတို့နှစ်ယောက်ဟာ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို တရားမဝင်ဘူးလို့ တရားရုံးချုပ် စီရင်ချက်ချတဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဦးဆုံးထောင်ချခံရတဲ့ ဇနီးမောင်နှံဖြစ်တယ်။

ရုရှားနဲ့ ခရိုင်းမီးယားမှာ ညီအစ်ကို/မ ၁၀၀ ကျော် ထောင်ကျနေဆဲပါ။ “ဘုရားသခင်ရှေ့မှာ အမှားအမှန်သိစိတ် ကြည်လင်ချင်လို့ အခက်အခဲတွေ၊ မတရားမှုတွေကို ခံရပ်” နေသူတွေကို ယေဟောဝါ ဆက်လက်ထောက်မပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။—၁ ပေတရု ၂:၁၉