မာတိကာဆီ ကျော်သွား

ဆာဂေး ဗရပ်ခေါချရပ်နဲ့ ဇနီး ဗစ်တိုးရီးယား

၂၀၂၁၊ ဖေဖော်ဝါရီ ၂၆
ရုရှား

ညီအစ်ကို ဆာဂေး ဗရပ်ခေါချရပ်ဟာ ထောင် ခုနစ်နှစ် ကျနိုင်ပေမဲ့ ဆက်သစ္စာရှိ

ညီအစ်ကို ဆာဂေး ဗရပ်ခေါချရပ်ဟာ ထောင် ခုနစ်နှစ် ကျနိုင်ပေမဲ့ ဆက်သစ္စာရှိ

စီရင်ချက် ချမယ့်အချိန်

၂၀၂၁၊ မတ် ၁ ရက် a မှာ ပရိုင်ရိစကီ၊ နိဇ်နီ နို့ဗ်ဂိုရော့ ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး ဗရပ်ခေါချရပ်ရဲ့ အမှုကို စီရင်ချက် ချနိုင်တယ်။ ခုနစ်နှစ် ထောင်ချခံရနိုင်တယ်။

ကိုယ်ရေးအကျဉ်း

ဆာဂေး ဗရပ်ခေါချရပ်

  • မွေးဖွားတဲ့နှစ်– ၁၉၇၄ (ဘိုင်ကိုင်စ်၊ အီရကွတ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ– လျှပ်စစ်ကျွမ်းကျင်သူအဖြစ် ဆယ်နှစ် လုပ်ခဲ့တယ်။ မကြာသေးခင်က စက်ရုံတစ်ခုမှာ ဥပဒေအကြံပေးအဖြစ် လုပ်တယ်

  • ငယ်ငယ်ကတည်းက ကျမ်းစာကို စိတ်ဝင်စားတယ်။ အရွယ်ရောက်လာတော့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေတဲ့ အလုပ်ဖော် တစ်ယောက်ရဲ့ အမူအကျင့်ကောင်းကို သဘောကျမိတယ်။ နောက်ပိုင်း ကျမ်းစာသင်တယ်။ ကျမ်းစာရဲ့ ယုတ္တိရှိမှုနဲ့ ရိုးရှင်းမှုတွေကို အံ့ဩမိတယ်။ ၁၉၉၅ မှာ နှစ်ခြင်းခံတယ်။ ၂၀၀၁ မှာ ဗစ်တိုးရီးယားနဲ့ လက်ထပ်တယ်

အမှုနောက်ကြောင်း

၂၀၁၉၊ ဇူလိုင် ၁၆ နဲ့ ၁၇ မှာ ရုရှား အာဏာပိုင်တွေက ဗရပ်ခေါချရပ်ရဲ့ အိမ် အပါအဝင် နိဇ်နီ နို့ဗ်ဂိုရော့ ဒေသမှာ ရှိတဲ့ ယေဟောဝါသက်သေ အိမ် ၃၅ လုံးကို ဝင်ရောက်စီးနင်းခဲ့ကြတယ်။ အရာရှိတွေ အိမ်ကို ဝင်ရောက်စီးနင်းတဲ့အခါ “ကျွန်တော် နည်းနည်းလေး စိုးရိမ်မိတာလွဲလို့ တည်တည်ငြိမ်ငြိမ်ပါပဲ” လို့ ဆာဂေး ပြောတယ်။ အရာရှိတွေက လျှို့ဝှက်အချက်အလက်တွေကို မပြောပြရင် ဗစ်တိုးရီးယားကို ထောင်ချမယ်လို့ ခြိမ်းခြောက်တယ်။ “အဲဒါ ကျွန်တော့်အတွက် သိပ်ခက်တယ်” လို့ ဆာဂေး ပြောတယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ ဆက်သစ္စာရှိခဲ့သလို ဗစ်တိုးရီးယား bလည်း ထောင်မကျဘူး။

“မဖြစ်ခင်မှာ ကြိုပြီး ထိတ်လန့်နေဖို့ မလိုမှန်း သိလိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ် မထင်ထားတာတွေ ဖြစ်လာတတ်လို့ပဲ။ အပြင်ကနေ ကြည့်နေသူတွေအတွက်တော့ စမ်းသပ်မှုကို ခံရပ်ဖို့ မလွယ်ဘူးလို့ ထင်နိုင်တယ်။ စမ်းသပ်မှုကို ရင်ဆိုင်လိုက်တဲ့အခါမှာတော့ ယေဟောဝါရဲ့ ထောက်မပေးမှုကို အထူးနည်းနဲ့ ခံစားရလိမ့်မယ်” လို့ ဆာဂေး ပြောတယ်။

ဆာဂေးဟာ ပျော်ရွှင်မှုကို ဆက်ထိန်းနိုင်ဖို့ ယေဟောဝါနဲ့ တခြားသူတွေအတွက် လုပ်ပေးနိုင်တာတွေကို အာရုံစိုက်တယ်။ “ယေဟောဝါကို ဂုဏ်တင်ဖို့ပဲ ဆန္ဒရှိတယ်။ အဲဒီအတွက် ဆုတောင်းတယ်။ အဲဒါကိုပဲ ဆက်ဆုတောင်းနေမယ်။ ကိုယ်တော့်နာမည်ကို ဂုဏ်တင်နိုင်အောင်၊ တခြားသူတွေအတွက် သက်သေခံချက်ကောင်း ဖြစ်နိုင်အောင် ခံနိုင်ရည် ပေးဖို့လည်း ဆုတောင်းတယ်။ နှိပ်စက်မှုတွေ စခံရချိန်ကတည်းက ဘုရားအကြောင်း ဘာမှ မသိတဲ့သူတွေ၊ နည်းနည်းလေးလောက်ပဲ သိတဲ့သူတွေနဲ့ ကြုံရတယ်။ ဘုရားအကြောင်း သိလာအောင် သူတို့ကို ကူညီပေးပါလို့ ဆုတောင်းတယ်” ဆိုပြီး ဆာဂေး ပြောတယ်။

ရုရှားမှာ ရှိတဲ့ ညီအစ်ကို ညီအစ်မတွေဟာ နှိပ်စက်မှုတွေကို ကြုံနေရဆဲပဲ။ “ငြိမ်သက်ခြင်းရဲ့ သခင်က ခင်ဗျားတို့ကို နည်းအမျိုးမျိုးနဲ့ ငြိမ်သက်ခြင်း အမြဲ ပေးသနားပါစေ။ ခင်ဗျားတို့အားလုံးနဲ့အတူ သခင် ရှိနေပါစေ” ဆိုတဲ့ တမန်တော် ပေါလုရဲ့ စကားအတိုင်း ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—၂ သက်သာလောနိတ် ၃:၁၆

a အပြောင်းအလဲ ရှိနိုင်။

b ၂၀၂၀ မတ်လမှာ အာဏာပိုင်တွေက ဗစ်တိုးရီးယားကို ရာဇဝတ်မှုနဲ့ တရားစွဲထားတယ်။