၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်
ရုရှား
ညီအစ်ကို ဆာဂေ ကလီမို့ ရုရှားထောင်ကနေ လွတ်ပြီ
သံတိုင်တွေကြား ငါးနှစ်လောက် နေပြီးနောက် ၂၀၂၃၊ ဇူလိုင် ၂၆ ရက်မှာ အက်စရာခန်မြို့ ရုရှားထောင်ကနေ ညီအစ်ကို ဆာဂေ ကလီမို့ လွတ်လာပါပြီ။ ၂၀၁၈၊ ဇွန် ၃ ရက်နေ့မှာ ဖမ်းဆီးခံရပြီး အဖမ်းခံရသူတွေထဲမှာ ဦးဆုံးပါ။ အမှုရင်မဆိုင်ရသေးခင်အချိန်ထိ အချုပ်ကျနေပြီး ၂၀၁၉၊ နိုဝင်ဘာ ၅ မှာ စီရင်ချက် ချခံရတယ်။ အဲဒီနောက် အကျဉ်းထောင်ကို အပို့ခံရတယ်။
ထောင်ကျနေတဲ့ အတောအတွင်း ဇနီး ယူလီယာနဲ့ ကိုးလလောက် တွေ့ခွင့်မရခဲ့ဘူး။ ဒါ့အပြင် သူ့ဆီပို့တဲ့ စာတော်တော်များများကိုလည်း မရခဲ့ဘူး။ ထောင်ခန်းအခြေအနေ ဆိုးရွားလွန်းလို့ ကျန်းမာရေး တဖြည်းဖြည်း ထိခိုက်လာတယ်။ အခြေအနေတွေ ခက်ပေမဲ့ မှန်မှန် ကျမ်းစာဖတ်၊ ဆုတောင်းခြင်းအားဖြင့် ဆက်ဝမ်းမြောက်နိုင်ခဲ့တယ်။
ဆာဂေရဲ့ ဘာသာရေး ယုံကြည်ချက်ကြောင့် အစွန်းရောက်သမားဆိုပြီး စွဲချက်တင်ခံရတာပါ။ ဒါတောင် ကျမ်းစာသတင်းစကား ဝေမျှရတဲ့ အကြောင်းရင်းကို တရားခွင်မှာ အခုလို ရဲရဲရင့်ရင့် ချေပရှင်းလင်းခဲ့တယ်– “ကျွန်တော့်ဘုရား ယေဟောဝါဟာ မေတ္တာ ပြည့်ဝပြီး တရားမျှတတဲ့ ဘုရားပါ။ တခြားသူတွေကို ကူညီချင်စိတ် ပေါ်လာတာ မေတ္တာကြောင့်ပါ။ အမုန်းတရားကြောင့် မဟုတ်သလို အစွန်းရောက်ဝါဒကြောင့်လည်း မဟုတ်ရပါဘူး။”
ဆာဂေနဲ့ ယူလီယာ ပြန်ဆုံစည်းရပြီဖြစ်လို့ ကျွန်တော်တို့ ထပ်တူ ဝမ်းသာပါတယ်။ ဆာဂေ သမာဓိ စောင့်ထိန်းနိုင်အောင် ယေဟောဝါ ကူညီပေးလို့လည်း ကျေးဇူးတင်ပါတယ်။—ယောရှု ၂၄:၁၄။