မာတိကာဆီ ကျော်သွား

ညီအစ်ကို ဒီမီထရီ မာစ်လော့နဲ့ ဇနီး ယူလီယာ

၂၀၂၁၊ မတ် ၁၈
ရုရှား

ညီအစ်ကို ဒီမီထရီ မာစ်လော့ မိတ်ဆွေတွေနဲ့ ကျမ်းစာအကြောင်း ပြောလို့ ထောင်ချခံရနိုင်ဖွယ်ရှိ

ညီအစ်ကို ဒီမီထရီ မာစ်လော့ မိတ်ဆွေတွေနဲ့ ကျမ်းစာအကြောင်း ပြောလို့ ထောင်ချခံရနိုင်ဖွယ်ရှိ

နောက်ဆုံးအချက်အလက် | ရုရှား တရားရုံးက အယူခံကို ပယ်ချ

၂၀၂၁၊ အောက်တိုဘာ ၅ မှာ ကရာနိုယာ့စ်ဒေသ တရားရုံးက ဒီမီထရီ မာစ်လော့ရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလ သတ်မှတ်ထားတဲ့ ဒဏ်ငွေကို ပေးဆောင်ရပါမယ်။

၂၀၂၁၊ ဇွန် ၂ မှာ ကရာနိုယာ့စ်ဒေသ၊ မင်နူဇင်ခ်မြို့ တရားရုံးက ညီအစ်ကို ဒီမီထရီ မာစ်လော့ကို ပြစ်ဒဏ်စီရင်ချက် ချပါတယ်။ ရူဘယ် ၄၅၀,၀၀၀ (ယူအက်စ်ဒေါ်လာ ၆,၁၂၅) ဒဏ်ငွေ တပ်လိုက်တယ်။

ကိုယ်ရေးအကျဉ်း

ဒီမီထရီ မာစ်လော့

  • မွေးဖွားတဲ့နှစ်။ ၁၉၇၆ (မင်နူဇင်ခ်မြို့)

  • ဘဝအတ္ထုပ္ပတ္တိ။ တစ်ကိုယ်ရေ မိခင်ရဲ့ စောင့်ရှောက်မှုအောက် ညီလေး၊ ညီမလေးတို့နဲ့အတူ ကြီးပြင်းလာတယ်။ အသက်မွေးဝမ်းကျောင်း သင်တန်းမှာ ပျားမွေးမြူရေး ဘာသာရပ်နဲ့ ဘွဲ့ရပြီး လက်ရှိ ပိုက်ပြင်တဲ့ အလုပ်လုပ်တယ်။ စက်ဘီးစီးတာ၊ ရေငုပ်တာ၊ အကော်ဒီယန် တီးရတာ ဝါသနာပါတယ်

    ငယ်စဉ်ကတည်းက ဘဝနဲ့ပတ်သက်တဲ့ အရေးကြီး မေးခွန်းတွေရဲ့ အဖြေကို သိချင်ခဲ့ပြီး ကျမ်းစာကနေ ယုံကြည်စိတ်ချရတဲ့ အဖြေတွေ ရခဲ့တယ်။ ၁၉၉၄ မှာ နှစ်ခြင်းခံတယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခါ စစ်မှုထမ်းဖို့ ငြင်းဆိုပြီး အစားထိုး အရပ်ဘက်လုပ်ငန်း လုပ်ဆောင်ဖို့ တောင်းဆိုတယ်။ ၁၉၉၇ မှာ ယူလီယာနဲ့ လက်ထပ်တယ်

အမှုနောက်ကြောင်း

၂၀၁၉၊ ဧပြီလ ၁၉၊ မင်နူဇင်ခ်မှာ စစ်သားတွေ၊ စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင်တွေနဲ့ ဖယ်ဒရယ် လုံခြုံရေး (FSB) အဖွဲ့ဝင်တွေက ယေဟောဝါသက်သေ မိသားစု ငါးစုရဲ့ အိမ်တွေကို ဝင်ရောက်စီးနင်းတယ်။ စီးနင်းခံရစဉ်အတွင်း အသက် ၇၆ နှစ်အရွယ် ညီအစ်မတစ်ယောက် ကြမ်းပြင်ပေါ် တွန်းချခံရလို့ ဒဏ်ရာ ရသွားတယ်။ ညီအစ်ကို ညီအစ်မ ၃၀ ကျော် စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းခံရပြီး နောက်ပိုင်း ပြန်လွတ်လာကြတယ်။ ညီအစ်ကို ဒီမီထရီ ရာဇဝတ်မှုနဲ့ တရားစွဲခံရတယ်။ အဓိက ပြစ်မှုကတော့ မိတ်ဆွေတွေနဲ့အတူ တောင်တက်ဖို့ စီစဉ်ပြီး ခရီးစဉ်အတွင်းမှာ ကျမ်းစာအကြောင်း ပြောကြလို့ ဖြစ်တယ်။

အခု ဒီမီထရီဟာ ခရီးသွားဖို့ ပိတ်ပင်ခံထားရပြီး တရားရုံး ဆုံးဖြတ်ချက် ချမယ့်အချိန်ကို စောင့်နေတယ်။ ညီအစ်ကိုရဲ့ မယုံကြည်သူ မိခင်က သားအပေါ် စွဲထားတဲ့ စွဲချက်တွေ မမျှတကြောင်း၊ ရာဇဝတ်သားလို ဆက်ဆံမခံထိုက်ကြောင်း ပြောတယ်။ သားဖြစ်သူ “အငြိမ်းချမ်းဆုံး ဘာသာတရား” မှာ ပါဝင်နေတယ်ဆိုတာ သူ ယုံတယ်။

မိမိအပေါ် သစ္စာစောင့်သိသူတွေအတွက် ယေဟောဝါ “အစွမ်းတန်ခိုး ပြ” မယ်ဆိုတာ ဒီမီထရီ ယုံကြည်တဲ့အတွက် ရဲစွမ်းသတ္တိနဲ့ နှစ်သိမ့်မှု ရနေတယ်။—၂ ရာဇဝင်ချုပ် ၁၆:၉