မာတိကာဆီ ကျော်သွား

ဇွန် ၂၃၊ ၂၀၂၀
ရုရှား

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ကနေ စောစောလွှတ်ဖို့ ရုရှားတရားရုံး အမိန့်ချ

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ကနေ စောစောလွှတ်ဖို့ ရုရှားတရားရုံး အမိန့်ချ

၂၀၂၀၊ ဇွန် ၂၃ မှာ ကာ့စ်ခ်ပြည်နယ်၊ လော့ဂ်စကီခရိုင်တရားရုံးက ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ကနေ စောစောလွှတ်ဖို့ အမိန့်ချလိုက်ပါတယ်။ အစိုးရရှေ့နေ တောင်းဆိုချက်အရ တရားသူကြီးက ညီအစ်ကို ခရစ်တန်ဆန်ကို ကျန်ရှိတဲ့ ထောင်ဒဏ်အစား ဒဏ်ငွေ ရူဘယ် ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၇၅၉) ပေးဆောင်ခိုင်းတယ်။ ဆယ်ရက်အတွင်း ဒီဆုံးဖြတ်ချက် အကျိုးသက်ရောက်မှာဖြစ်လို့ ညီအစ်ကို ခရစ်တန်ဆန်ဟာ ဇနီးနဲ့ မိသားစုရှိရာ နေအိမ်ကို၊ ဝတ်ပြုသူချင်းတွေ ရှိတဲ့နေရာကို ပြန်နိုင်ပါပြီ။ ဒီအတွက် ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းပါတယ်။