မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၁, ၂၀၂၀
ရုရှား

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို ပြစ်ဒဏ်တိုက်ကနေ သာမန် အကျဉ်းထောင်ကို ရွှေ့ပြောင်းပေး

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို ပြစ်ဒဏ်တိုက်ကနေ သာမန် အကျဉ်းထောင်ကို ရွှေ့ပြောင်းပေး

၂၀၂၀၊ ဇူလိုင် ၁၁ မှာ ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို လူဂို့အကျဉ်းထောင်ကနေ သာမန် ထောင်ကျအကျဉ်းသားတွေရှိရာဆီ ရွှေ့ပြောင်းလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ ရက်ကြာ နေခဲ့ရတဲ့ ပြစ်ဒဏ်တိုက်ကနေ ရွှေ့ပြောင်းပေးလိုက်ခြင်း ဖြစ်တယ်။ ယခင် သတင်းပေးချက်အရ သူဟာ မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုတွေကြောင့် ပြစ်ဒဏ်ကျခံခဲ့ရတယ်။ အခုတော့ သာမန် အကျဉ်းထောင်မှာ ရှိနေပါတယ်။ ဒါပေမဲ့ အကောင်းမြင်စိတ် ဆက်ရှိနေဆဲပါပဲ။ ညီအစ်ကို ခရစ်တန်ဆန်ရဲ့ အမှုကို ခုခံချေပပေးတဲ့အဖွဲ့က နောက်ဆုံးစွဲချက်တွေကို အယူခံဝင်ဖို့ စီစဉ်နေပါတယ်။ ထောင်ကနေ စောစောလွှတ်ပေးဖို့ တောင်းဆိုထားတာကို ထိခိုက်မှု မရှိစေဖို့ မျှော်လင့်ပါတယ်။