မာတိကာဆီ ကျော်သွား

ညီအစ်ကို နီကိုလိုင် ဗွိုက်ရှက်ဗ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်
ရုရှား

ညီအစ်ကို နီကိုလိုင် ဗွိုက်ရှက်ဗ် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ

ညီအစ်ကို နီကိုလိုင် ဗွိုက်ရှက်ဗ် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်မှာ အက်ဒဂေးရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်ကော့မြို့တရားရုံးက ညီအစ်ကို နီကိုလိုင် ဗွိုက်ရှက်ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တယ်။ ၂၀၂၂၊ အောက်တိုဘာ ၂၀ ကတည်းက အချုပ်ကျနေခဲ့တာဖြစ်ပြီး ဆက်လက်အချုပ်ကျနေပါတယ်။

ကိုယ်ရေးအကျဉ်း

နီကိုလိုင် ထောင်ကျတဲ့သတင်းကို ကြားရလို့ ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ နီကိုလိုင်အပါအဝင် အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ညီအစ်ကို/မအားလုံးကို ယေဟောဝါ ဆက်လက်ခွန်အားရှိစေပြီး နှစ်သိမ့်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၁၉:၇၆

အချိန်ပြဇယား

  1. အောက်တိုဘာ ၁၉၊ ၂၀၂၂

    ပြစ်မှု စတင်ဖွင့်လှစ်

  2. အောက်တိုဘာ ၂၀၊ ၂၀၂၂

    အိမ်ကို ဝင်ရောက်ရှာဖွေ။ သူ့ကို စစ်ဆေးမေးမြန်းပြီး အချုပ်ချ

  3. အောက်တိုဘာ ၂၁၊ ၂၀၂၂

    သူ့ကို နောက်အချုပ်ထောင်တစ်ခုဆီ ရွှေ့ပြောင်း

  4. ဇန်နဝါရီ ၁၁၊ ၂၀၂၃

    ကျန်းမာရေးမကောင်းလို့ သူ့ကို နေအိမ်အကျယ်ချုပ် ချထားပေးဖို့ အသနားခံခဲ့ပေမဲ့ တရားသူကြီးက ငြင်းပယ်ပြီး ချုပ်ရက်ကို ထပ်တိုး

  5. ဇန်နဝါရီ ၂၅၊ ၂၀၂၃

    ပြစ်မှု စတင်စစ်ဆေး

  6. စက်တင်ဘာ ၁၄၊ ၂၀၂၃

    အပြစ်ရှိကြောင်းစီရင်ပြီး ထောင်ဒဏ်သုံးနှစ်ချမှတ်

a ညီအစ်ကို ဗွိုက်ရှက်ဗ် အချုပ်ကျနေလို့ သူ့ကို တွေ့ဆုံမေးမြန်းနိုင်ခြင်း မရှိပါ။