မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗစ်တာလီ ပိုပို့ဗ်နဲ့ ဇနီး နာတာရှာ

မေ ၂၀၊ ၂၀၂၁
ရုရှား

ညီအစ်ကို ဗစ်တာလီ ပိုပို့ဗ် ယုံကြည်ချက်ကြောင့် ထောင်ချခံရဖွယ်ရှိ

ညီအစ်ကို ဗစ်တာလီ ပိုပို့ဗ် ယုံကြည်ချက်ကြောင့် ထောင်ချခံရဖွယ်ရှိ

နောက်ဆုံး အချက်အလက် | ရုရှားတရားရုံးက ညီအစ်ကို ဗစ်တာလီ ပိုပို့ဗ်ရဲ့ ဒုတိယအကြိမ် အယူခံကို ပယ်ချ

၂၀၂၂၊ ဖေဖော်ဝါရီ ၁၆ မှာ နဝမအဆင့် အထက်တရားရုံးချုပ်က ညီအစ်ကို ဗစ်တာလီ ပိုပို့ဗ်ရဲ့ ဒုတိယအကြိမ် အယူခံကို ပယ်ချလိုက်ပါတယ်။ ဒီတစ်ကြိမ် ထောင်ထဲ ဝင်စရာ မလိုပါဘူး။

၂၀၂၁၊ ဇူလိုင် ၂၃ မှာ နိုဗိုဆာဘီရိခ် ခရိုင်တရားရုံးက ဗစ်တာလီရဲ့ အယူခံကို ပယ်ချပြီး ဆိုင်းငံ့ ထောင်ဒဏ် သုံးနှစ်ကို အတည်ပြုလိုက်ပါတယ်။

၂၀၂၁၊ မေ ၂၁ မှာ နိုဗိုဆာဘီရိခ်၊ လီနင်စကီ ခရိုင်တရားရုံးက ဗစ်တာလီကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

ဗစ်တာလီ ပိုပို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၇ (နိုဗိုဆာဘီရိခ်)

  • ဘဝအတ္ထုပ္ပတ္တိ။ လျှပ်စစ်ပြင်သူ၊ ဝရိန်ဆရာပါ။ ဆိုဗီယက်စစ်တပ်မှာ အမှုထမ်းဖူးတယ်။ နှင်းလျှောစီးတာ၊ ဘောလုံးကန်တာ၊ ဘော်လီဘော ကစားတာ၊ သီချင်းဆိုတာ ဝါသနာပါတယ်။ အစ်ကို နှစ်ယောက်၊ အစ်မနှစ်ယောက် ရှိတယ်။ ဗစ်တာလီ လူငယ်ဘဝမှာ အစ်ကိုနဲ့ အစ်မ မတော်တဆမှုကြောင့် ဆုံးသွားတယ်။ သေခြင်း၊ အနာဂတ်အကြောင်း သိချင်တာ များတယ်

    ၁၉၉၀ ဝန်းကျင်လောက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ လူတွေ ဘာကြောင့် သေရသလဲဆိုတဲ့ အဖြေ သိရလို့ ကျေနပ်သွားတယ်။ သက်သေခံတွေရဲ့ မေတ္တာ၊ လေးစားမှု၊ ကူညီမှုကို သဘောကျသွားတယ်။ ၁၉၉၄ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၁ မှာ နာတာရှာနဲ့ လက်ထပ်တယ်

အမှုနောက်ကြောင်း

၂၀၁၉၊ ဇွန် ၂၇ မှာ အာဏာပိုင်တွေက ဗစ်တာလီကို ရာဇဝတ်မှုနဲ့ အမှုဆင်တယ်။ ၂၀၂၀၊ ဧပြီ ၉ ရက်မှာ ရဲတွေက သူ့အိမ်ကို ရောက်လာပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်သွားကြတယ်။ လေးနာရီကျော် စစ်ကြောမေးမြန်းကြတယ်

ဗစ်တာလီကို အစွန်းရောက်သမားစာရင်းထဲ ထည့်လိုက်တယ်။ ဘဏ်အကောင့်လည်း ပိတ်လိုက်တယ်။ နှစ်လအကြာမှာ ဗစ်တာလီကို အလုပ်ကနေ အတင်း ထွက်ခိုင်းကြတယ်။ ဒါကြောင့် မိသားစုမှာ ငွေကြေး အတော် ကျပ်တည်းသွားတယ်

ဗစ်တာလီရဲ့ မိသားစုကို ယေဟောဝါ ဆက်ထောက်မပေးနေပါတယ်။ “ယေဟောဝါက ကျွန်တော်တို့ရဲ့ ဝတ်ပြုရေး၊ ကာယရေး၊ စိတ်ဓာတ်ရေး အစစ အရာရာ ဂရုစိုက်ပေးတယ်။ တစ်မိသားစုလုံး ယေဟောဝါကို ကျေးဇူးတင်နေကြတယ်။ ဒါက အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့၊ အကောင်းမြင်စိတ် ရှိနေဖို့ ကူညီပေးတယ်” လို့ သူ ပြောတယ်။

ဒီစမ်းသပ်မှုတွေကို ခံရပ်စေတဲ့ အဓိက အချက်ကို ဗစ်တာလီ အခုလို ပြောပြတယ်။ “ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိစေတဲ့ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကြောင့် ဖြစ်တယ်။ ဘာပဲ ကြုံရပါစေ ဘုရားကို အားကိုးတတ်လာတယ်။” မိသားစု ဝတ်ပြုမှု၊ အသင်းတော် အစည်းအဝေး တက်တာ၊ အမှုဆောင်မှာ မှန်မှန် ပါဝင်တာ၊ လှိုက်လှိုက်လှဲလှဲ ဆုတောင်းတာတွေ ဖြစ်တယ်။ “ဒါတွေသာ မလုပ်ခဲ့ရင် ယေဟောဝါကို အားကိုးတတ်မှာ မဟုတ်ဘူး။ အခက်အခဲတွေကို ကျော်လွှားနိုင်မယ် မထင်ဘူး” လို့ သူ ပြောတယ်။

စီရင်ချက်ကို စောင့်နေတဲ့ ဗစ်တာလီအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ “အစွမ်းခွန်အား ပေးတဲ့ ဘုရား” ယေဟောဝါက နှိပ်စက်ညှဉ်းပန်းမှုကို သတ္တိရှိရှိ ခံရပ်ကြတဲ့ ရုရှား ညီအစ်ကို/မတွေကို ဆက်ခွန်အားပေးမယ်ဆိုတာ စိတ်ချပါတယ်။—ဖိလိပ္ပိ ၄:၁၃