၂၀၂၀၊ ဧပြီ ၁၀
ရုရှား
ညီအစ်ကို ဗလာဒီမာ အလူရှကင် ထောင်ကနေ လွတ်လာ
၂၀၂၀၊ မတ်လ ၃၀ မှာ ညီအစ်ကို ဗလာဒီမာ အလူရှကင် ထောင်ကနေ လွတ်လာပြီး ဇနီးနဲ့ ပြန်ဆုံစည်းရတယ်။
မတ်လ ၂၅ တုန်းက ပင်ဇာမြို့၊ ခရိုင်တရားရုံး ချမှတ်တဲ့ စီရင်ချက်ကြောင့် အခုလို လွတ်လာခြင်း ဖြစ်တယ်။ ညီအစ်ကို ဗလာဒီမာ အလူရှကင်၊ ဗလာဒီမာ ကူယာစက်ဖ်၊ အန်ဒရေ မာဂလိ၊ ဒန်နစ် တီမိုရှင်တို့အပြင် ညီအစ်မ တာတယာနာ အလူရှကီနာနဲ့ ဂါလီယာ အာလ်ဟားဗာတို့ရဲ့ စီရင်ချက်ကို ပယ်ဖျက်ပေးလိုက်ပါတယ်။ ပင်ဇာမြို့၊ ခရိုင်တရားရုံးက အမှုကို နောက်တရားသူကြီးတစ်ယောက် သုံးသပ်နိုင်ဖို့ မူလတရားရုံးကို ပြန်ပို့လိုက်ပါတယ်။ ဒီအတောအတွင်း ညီအစ်ကို/မ ခြောက်ယောက်စလုံး ခရီးသွားလာခွင့် ကန့်သတ်ခံရပြီး တခြားကန့်သတ်ချက်တွေအောက် ဆက်ရှိနေပါမယ်။
ညီအစ်ကို အလူရှကင် လွတ်လာလို့ ကျွန်တော်တို့ ဝမ်းသာကြပေမဲ့ နောက်နှစ်ရက်အကြာမှာ ရုရှားအရှေ့မြောက်ပိုင်းက ညီအစ်ကိုတစ်ယောက် ယုံကြည်ချက်ကြောင့် ပြစ်ဒဏ် ချမှတ်ခံရပြန်တယ်။ မတရားတဲ့ ဒီတိုက်ခိုက်မှု ဆက်ရှိနေသရွေ့ ရုရှားက ညီအစ်ကို/မတွေဟာ နာဟုံ ၁:၇ မှာပါတဲ့ “ယေဟောဝါဟာ ကောင်းမြတ်တယ်။ ဒုက္ခရောက်ချိန်မှာ ခိုလှုံစရာရဲတိုက်ပဲ။ သူ့ဆီ ခိုလှုံသူတွေကို သိတယ်” ဆိုတဲ့ ကျမ်းစကားကို နှလုံးသွင်းထားကြပါတယ်။