မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗလာဒီမာ အလူရှကင်နဲ့ ဇနီး တာတယာနာ

စက်တင်ဘာ ၁၆၊ ၂၀၂၀
ရုရှား

ညီအစ်ကို ဗလာဒီမာ အလူရှကင် ထောင်ထဲ ပြန်ဝင်စရာ မလိုတော့

ညီအစ်ကို ဗလာဒီမာ အလူရှကင် ထောင်ထဲ ပြန်ဝင်စရာ မလိုတော့

၂၀၂၀၊ စက်တင်ဘာ ၁၆ မှာ ပင်ဇာမြို့ ခရိုင်တရားရုံးက ညီအစ်ကို အလူရှကင်၊ ကူယာစက်ဖ်၊ မာဂလိ၊ တီမိုရှင်တို့အပြင် ညီအစ်မ အလူရှကီနာနဲ့ အာလ်ဟားဗာတို့ရဲ့ အမှု အယူခံဝင်တာနဲ့ပတ်သက်ပြီး စီရင်ချက် ချလိုက်တယ်။ တရားရုံးက ညီအစ်ကို အလူရှကင်ရဲ့ မူလ ထောင်ဒဏ် ခြောက်နှစ်အစား ဆိုင်းငံ့ ထောင်ဒဏ် လေးနှစ် လျှော့ပေးလိုက်တယ်။ သူ ထောင်ထဲ ပြန်ဝင်စရာ မလိုတော့တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာကြတယ်။ တခြားသူတွေရဲ့ ဆိုင်းငံ့ ထောင်ဒဏ်တွေကတော့ ယခင်အတိုင်းပဲ အပြောင်းအလဲ မရှိပါဘူး။