မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗာစီလီ မီလက်ရှ်ကို ထောင်ကနေလွတ်လာပြီး ဇနီး၊ သားဖြစ်သူနဲ့ ပြန်ဆုံဆည်း။ အတွင်းပုံ– ဗာစီလီနဲ့ ဇိုရာ

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်
ရုရှား

ညီအစ်ကို ဗာစီလီ မီလက်ရှ်ကို ရုရှားအကျဉ်းထောင်ကနေ လွတ်လာ

ညီအစ်ကို ဗာစီလီ မီလက်ရှ်ကို ရုရှားအကျဉ်းထောင်ကနေ လွတ်လာ

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၂ ရက်မှာ ညီအစ်ကို ဗာစီလီ မီလက်ရှ်ကို ထောင်ကနေ လွတ်လာတယ်။ ၂၀၂၁ မှာ အပြစ်ရှိကြောင်း စီရင်ခံရပြီး ထောင်ဒဏ် သုံးနှစ်ကျခဲ့တာပါ။

သုံးနှစ်အတွင်း အနည်းဆုံး ထောင်ခုနစ်ခုဆီ ပြောင်းရွှေ့ခံရတယ်။ တစ်ခါကဆိုရင် သူ ဘယ်ရောက်သွားမှန်း ဇနီးဖြစ်သူ ဇိုရာ တစ်လနီးပါး မသိခဲ့ဘူး။ ခင်ပွန်း ကျန်းမာရေးမကောင်းလို့ ဇိုရာ သိပ်စိတ်ပူခဲ့ရတယ်။

“ဒီအခြေအနေကြောင့် ကျွန်မတို့ရဲ့ အိမ်ထောင်ရေး ထိခိုက်ပြီး ဘုရားအပေါ် ချစ်တဲ့စိတ် နည်းသွားမယ်ဆိုရင် စာတန်သိပ်ပျော်မှာ။ ဒါကြောင့် ကျွန်မတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေး ခိုင်မြဲနေဖို့၊ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့ အတတ်နိုင်ဆုံးလုပ်ခဲ့တယ်။ ကျွန်မကို သိပ်ချစ်တဲ့အကြောင်း သူ စာပုံမှန်ရေးတယ်။ ကျွန်မရဲ့ယုံကြည်ခြင်း ခိုင်ခံ့စေမယ့်စကားတွေ အမြဲပြောတယ်။” ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေပေမဲ့ ခံရပ်နိုင်ခဲ့တာပါဆိုပြီး ဇိုရာပြောပြတယ်။

ဇနီးသည်၊ မိသားစု၊ မိတ်ဆွေတွေနဲ့ ညီအစ်ကို ဗာစီလီ ပြန်ဆုံဆည်းနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ယုံကြည်ခြင်းကြောင့် ထောင်ကျနေတဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ ဒုက္ခကြုံရချိန်တစ်လျှောက် ကျွန်တော်တို့ကို ယေဟောဝါ ကူညီထောက်မပေးမယ်ဆိုတာလည်း ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၅၅:၂၂