မာတိကာဆီ ကျော်သွား

အခု ထောင်ကနေလွတ်ပြီဖြစ်တဲ့ ညီအစ်ကို မာစကာလန်ကာကို တရားခွင် အပြင်ဘက်မှာ တွေ့ရစဉ်

စက်တင်ဘာ ၄၊ ၂၀၁၉
ရုရှား

ညီအစ်ကို ဗာလေရီ မာစကာလန်ကာ ထောင်ကနေ လွတ်ပြီ

ညီအစ်ကို ဗာလေရီ မာစကာလန်ကာ ထောင်ကနေ လွတ်ပြီ

ရုရှားနိုင်ငံ၊ ခါဘာရော့စ်မြို့၊ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်တရားရုံးက ၂၀၁၉၊ စက်တင်ဘာ ၂ ရက်နေ့မှာ ညီအစ်ကို ဗာလေရီ မာစကာလန်ကာကို ရပ်ရွာအကျိုးပြုလုပ်ငန်း နှစ်နှစ်နဲ့ နှစ်လ ဆောင်ရွက်ဖို့နဲ့ နောက်ထပ်ခြောက်လက တားမြစ်ချက်တချို့ရှိတဲ့ ပြစ်ဒဏ်အဖြစ် စီရင်ချက် ချလိုက်တယ်။ ဒါကြောင့် ထောင်ထဲမှာ နေဖို့ မလိုတော့ဘူး။

စီရင်ချက်ကြေညာပြီးနောက် ညီအစ်ကို မာစကာလန်ကာ ထောင်ကနေ လွတ်လာတဲ့အတွက် မိသားစုနဲ့ မိတ်ဆွေတွေ အလွန်ဝမ်းသာကြတယ်။ ညီအစ်ကို မာစကာလန်ကာဟာ ၂၀၁၈၊ ဩဂုတ် ၂ ရက်နေ့ကတည်းက ထောင်ကျနေတာ။ ဖမ်းဆီးမခံရခင်က လက်ထောက် မီးရထားတွဲစောင့်အလုပ်လုပ်ပြီး နာမကျန်းဖြစ်နေတဲ့ မိခင်ကို အလုပ်အကျွေးပြုနေတာပါ။ စည်းကမ်းချက်နဲ့ ပြစ်ဒဏ်ကာလမှာ ခါဘာရော့စ်မြို့ကို ကျော်လွန်ပြီး မထွက်ရတဲ့အပြင် လတိုင်း အစိုးရအရာရှိတွေကို အကြောင်းကြားရမှာဖြစ်တယ်။

ဩဂုတ် ၃၀ ရက်နေ့ တရားရုံး အပြီးသတ် ကြားနာချိန်တုန်းက ညီအစ်ကို မာစကာလန်ကာ ပြောတဲ့စကားမှာ ဒါလည်း ပါတယ်– “ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ ဘုရားအလိုတော်နဲ့ ဆန့်ကျင်တာကို ကျွန်တော် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ တရားရုံးက ကျွန်တော့်ကို ဘယ်လိုပဲ အပြစ်ပေးပါစေ၊ သေဒဏ်ချမယ်ဆိုရင်တောင် စကြဝဠာဖန်ဆင်းရှင် အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်ကို ကျွန်တော် ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး။”

ယေဟောဝါသက်သေများရဲ့ ဥရောပအဖွဲ့အစည်း ကိုယ်စားလှယ် ယာရိုဆလာဗ် စီဗူလ်စကီ ဒီလိုပြောတယ်- “ညီအစ်ကို ဗာလေရီရဲ့ ပြစ်ဒဏ်စီရင်ချက်ကို ကျွန်တော်တို့ သဘောမကျပေမဲ့လည်း သူအိမ်ပြန်နိုင်ပြီဖြစ်လို့ ဝမ်းသာပါတယ်။”

ညီအစ်ကို မာစကာလန်ကာအပြင် ခါဘာရော့စ်မြို့က နောက်ထပ် ညီအစ်ကို ခုနစ်ယောက်လည်း ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံထားရပြီး ပြစ်ဒဏ်စီရင်ချက်ကို စောင့်ဆိုင်းနေကြရတယ်။

ညီအစ်ကို မာစကာလန်ကာဟာ ချုပ်နှောင်ခံထားရချိန်အတွင်း ခိုင်မာတဲ့ ယုံကြည်ခြင်း ဆက်တင်ပြခဲ့တဲ့အတွက် ယေဟောဝါဘုရားကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကျမ်းစာအခြေပြု ယုံကြည်ချက်တွေကြောင့် ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ညီအစ်ကို၊ ညီအစ်မ အားလုံးကို ယေဟောဝါဘုရား ဆက်ပြီး ခွန်အားပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ဟေရှာယ ၄၀:၃၁