မာတိကာဆီ ကျော်သွား

ဝဲမှယာ။ တရားရုံး အချုပ်ခန်းထဲက ညီအစ်ကို ဆာဂေး ဘရစ်ဗင်နဲ့ ဗာဒင် လဗ့်ချု

သြဂုတ် ၂၀၊ ၂၀၂၀
ရုရှား

ညီအစ်ကို ဘရစ်ဗင်နဲ့ လဗ့်ချုတို့ဟာ ရုရှားအကျဉ်းထောင်မှာ ခြောက်နှစ်ခွဲ ထောင်ဒဏ် စီရင်ချက် ချမှတ်ခံရနိုင်ဖွယ်ရှိ

ညီအစ်ကို ဘရစ်ဗင်နဲ့ လဗ့်ချုတို့ဟာ ရုရှားအကျဉ်းထောင်မှာ ခြောက်နှစ်ခွဲ ထောင်ဒဏ် စီရင်ချက် ချမှတ်ခံရနိုင်ဖွယ်ရှိ

စီရင်ချက်ချမယ့်အချိန်

ဖြစ်နိုင်ခြေ ပြစ်ဒဏ်

ထောင်ဒဏ် ခြောက်နှစ်ခွဲ

ကိုယ်ရေးအကျဉ်း

ဆာဂေး ဘရစ်ဗင်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၅ (ကင်မရိုဗိုဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ဝန်ချီစက်၊ ထရပ်ကား ဒရိုင်ဘာအဖြစ် ဆယ်စုနှစ်ချီ အလုပ်လုပ်ခဲ့သူ၊ ကျန်းမာရေးမကောင်းလို့ စောစော အငြိမ်းစားယူထား။ အားကစား ဝါသနာပါသူ

  • ၁၉၉၂ မှာ နာတာရာနဲ့ အိမ်ထောင်ကျတယ်။ ၁၉၉၅ မှာ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ ဘုရားပေး ကတိအကြောင်း သိလာပြီးနောက် ကျမ်းစာ စလေ့လာတယ်။ ဆာဂေးရဲ့ ယုံကြည်ခြင်း၊ အကောင်းဘက် ပြောင်းလဲလာအောင် လှုံ့ဆော်မှု ဖြစ်စေခဲ့ပုံကို သဘောကျသွားတဲ့ နာတာရာလည်း နှစ်အတော်ကြာပြီးနောက် ကျမ်းစာ လေ့လာတယ်

ဗာဒင် လဗ့်ချု

  • မွေးဖွားတဲ့နှစ်။ ၁၉၇၂ (ကင်မရိုဗိုဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ဘာသာတရားမဲ့ မိသားစုမှာ ကြီးပြင်းလာသူ။ မိုင်းတွင်းမှာ ၁၄ နှစ်ကြာ အလုပ်လုပ်ခဲ့သူ

  • ၁၉၉၂ မှာ ကျမ်းစာ စလေ့လာတယ်။ ၁၉၉၇ မှာ တာတီရာနာနဲ့ အိမ်ထောင်ကျပြီး သားနှစ်ယောက် ထွန်းကားတယ်။ မိသားစုတစ်ခုလုံး ကျမ်းစာကို လေးမြတ်တယ်။ အားကစားနဲ့ အိမ်အပြင်ဘက် လုပ်ဆောင်မှုတွေကို နှစ်သက်ကြ

အမှုနောက်ကြောင်း

၂၀၁၈၊ ဇူလိုင် ၂၂ မှာ ဖယ်ဒရယ်လုံခြုံရေးဌာန (FSB) ရဲတွေဟာ ဘီရီဇို့စကီမြို့မှာရှိတဲ့ ညီအစ်ကိုတွေရဲ့ အိမ် ရှစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ကြတယ်။ ညီအစ်ကို ဘရစ်ဗင်နဲ့ လဗ့်ချုတို့ကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းကြတယ်။ ကင်မရိုဗို ဗဟိုခရိုင်တရားရုံးက နှစ်ဦးစလုံးကို အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းချုပ်ထားဖို့ အမိန့်ချလိုက်တယ်။ ညီအစ်ကိုတွေကို တစ်နှစ်ခွဲနီးပါး ဖမ်းဆီးထိန်းသိမ်းထားပြီး ၂၀၁၉၊ ဒီဇင်ဘာ ၂၅ မှာ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့နေစေတာ အခုအချိန်အထိပါပဲ။

ကင်မရိုဗိုဒေသမှာ ယုံကြည်ချက်ကြောင့် ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ညီအစ်ကို ငါးဦးထဲမှာ ညီအစ်ကို ဘရစ်ဗင်နဲ့ လဗ့်ချုတို့လည်း အပါအဝင်ဖြစ်တယ်။ ရုရှားမှာ ထောင်ကျနေတဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ သတိတရ ဆုတောင်းပေးနေပါတယ်။ “အကျဉ်းကျနေတဲ့သူတွေကို ကိုယ်လည်း သူတို့နဲ့အတူ အကျဉ်းကျနေတယ်လို့ သဘောထားပြီး သတိရကြပါ။ ခင်ဗျားတို့ကိုယ်တိုင် ကမ္ဘာပေါ်မှာ အသက်ရှင်နေတုန်းဖြစ်လို့ ညှဉ်းဆဲခံရသူတွေကို သတိရကြပါ” ဆိုပြီး ဟီဘရူး ၁၃:၃ မှာ ဖော်ပြထားပါတယ်။

a အပြောင်းအလဲ ရှိနိုင်