မာတိကာဆီ ကျော်သွား

ညီအစ်ကို မာ့ခ်စင်း ထောင်ကနေ လွတ်လာပြီးနောက် မိသားစုနဲ့ ပြန်ဆုံစည်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်
ရုရှား

ညီအစ်ကို မာ့ခ်စင်း ဘယ်တီကို့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာ

ညီအစ်ကို မာ့ခ်စင်း ဘယ်တီကို့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှာ ညီအစ်ကို မာ့ခ်စင်း ဘယ်တီကို့ဗ် ရုရှား ခါဒစ်ယေ့ဇ်အကျဉ်းထောင်ကနေ လွတ်လာတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်မှာ အပြစ်ရှိကြောင်း စီရင်ခံရပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရတာပါ။ ဒါပေမဲ့ အမှုမရင်ဆိုင်ခင် ထောင်ထဲ အပို့ခံရလို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှာပဲ သူ့ထောင်ဒဏ် စေ့သွားတယ်။

မာ့ခ်စင်းနဲ့ ဇနီးဖြစ်သူ မာရီယာမှာ သားသုံးယောက်ရှိတယ်။ အဖမ်းမခံရခင် မာ့ခ်စင်း ဒီလိုပြောတယ်– “အရာရာကို ယေဟောဝါ ဖြေရှင်းနိုင်တယ်ဆိုတာ သတိရနေလို့ ဒီခက်ခဲချိန်တစ်လျှောက်လုံးမှာ ကျွန်တော်နဲ့ မိသားစု အကောင်းမြင်စိတ် ရှိနေခဲ့တာ။ ဘာတွေပဲဖြစ်လာပါစေ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်က ‘ကျုပ်နဲ့ ကျုပ်ရဲ့မိသားစုကတော့ ယေဟောဝါဘုရားကိုပဲ ဝတ်ပြုမယ်’ လို့ ယောရှု ၂၄:၁၅ မှာ ဆိုထားတဲ့အတိုင်းပါပဲ။”

အစွန်းရောက်သူလို့ စွပ်စွဲခံရတဲ့အခါ တရားရုံးမှာ သူ ဒီလို ရဲရဲဝံ့ဝံ့ ပြောခဲ့တယ်– “အစွန်းရောက်တဲ့လုပ်ရပ် ဘာတစ်ခုမှ ကျွန်တော် မလုပ်ခဲ့ဘူး။ ကျွန်တော်လုပ်နေတာ မှန်တယ်လို့ ယုံကြည်စိတ်ချတယ်။ ရှက်လည်း မရှက်ဘူး။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လို့ အခုလို တရားစီရင်ခံရတာကို ကျွန်တော် ဂုဏ်ယူတယ်။”

ညီအစ်ကိုမာ့ခ်စင်းကို ကြိုဆိုနေတဲ့ ညီအစ်ကို၊ ညီအစ်မတွေ

ညီအစ်ကိုမာ့ခ်စင်းတို့ မိသားစုကို ယေဟောဝါ ကြွယ်ဝစွာ ဆက်ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၄:၃