၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်
ရုရှား
ညီအစ်ကို ယူရီ ဆေ့လီယက်ဖ် အကျဉ်းထောင်ကနေ လွတ်လာ
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့မှာ ရုရှားနိုင်ငံ၊ ရုဗ်ဆော့မြို့ အကျဉ်းထောင်ကနေ ညီအစ်ကို ယူရီ ဆေ့လီယက်ဖ် လွတ်လာပါပြီ။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်ကတည်းက စတင်အချုပ်ကျခဲ့တာဖြစ်ပြီး ထောင်ထဲမှာ လေးနှစ်ခွဲကျော် နေခဲ့ရတယ်။
ထောင်ထဲမှာက ညစ်ပတ်တော့ သူ့ကျန်းမာရေး ထိခိုက်ခဲ့တယ်။ မဟုတ်မမှန် စွပ်စွဲခံရလို့လည်း ပြစ်ဒဏ်တင်းကျပ်တဲ့ အကျဉ်းခန်းတွေမှာ ခဏခဏ နေရတယ်။ ဒီလိုအခက်အခဲတွေ ကြုံရတာတောင် ဆုတောင်းခြင်းကနေ ခွန်အားရလို့ အကောင်းမြင်စိတ်ကို ဆက်ထိန်းနိုင်ခဲ့တယ်။ ယူရီရဲ့ ယဉ်ကျေးကြင်နာတဲ့ အပြုအမူနဲ့ ခရစ်ယာန်အရည်အသွေးတွေကြောင့်လည်း ထောင်သားတွေ၊ ထောင်ကြပ်တွေက သူ့ကို လေးစားကြတယ်။
ထောင်ဒဏ်ချမှတ် မခံရခင်မှာ ယူရီက မဿဲ ၂၂:၃၇ မှာပါတဲ့ ယေရှုရဲ့စကားကို ကိုးကားပြီး “ယေဟောဝါ ဘုရားကို စိတ်စွမ်း ရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနဲ့ ချစ်ပါ” လို့တရားရုံးမှာ ထွက်ဆိုခဲ့တယ်။ သူကိုယ်တိုင်လည်း သစ္စာသမာဓိကို ထိန်းသိမ်းပြီး အဲဒီစကားတွေအတိုင်း နေထိုင်ခဲ့တယ်။ တကယ့်ပုံသက်သေကောင်းပါပဲ။ ညီအစ်ကိုယူရီရဲ့ယုံကြည်ခြင်း၊ မေတ္တာနဲ့ ခံနိုင်ရည်ကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။