၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅ ရက်
ရုရှား
ညီအစ်ကို ယေ့ဂျနီ စာကိုလော့ဗ်ကို ဒုတိယပြစ်မှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချ
၂၀၂၄ ခုနှစ်၊ မေ ၂၉ ရက်မှာ အာမူရ်ဒေသ၊ ဇေစကီ ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဂျနီ စာကိုလော့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။
ဒီစီရင်ချက်က ဒုတိယပြစ်မှုအတွက် ဖြစ်တယ်။ ပထမပြစ်မှုက ညီအစ်ကို ယေ့ဂျနီ နေထိုင်တဲ့ ဗိုရိုနာ့ဇ်မြို့မှာ အမှုရင်ဆိုင်နေရတာပါ။ ပြစ်မှုထဲမှာ တခြား ညီအစ်ကို ကိုးယောက်လည်း ပါတယ်။
ခံရပ်နိုင်အောင် ယေ့ဂျနီကို ခွန်အားပေးတဲ့အရာနဲ့ပတ်သတ်ပြီး သူဒီလိုပြောတယ်– “ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားဖို့ သင်ယူနေပါတယ်။ ပြဿနာတွေကို ယေဟောဝါ ဖြေရှင်းတဲ့နည်းလမ်းက အကောင်းဆုံး၊ ပညာအရှိဆုံး ဖြစ်လို့ပါ။”
ယေ့ဂျနီလိုပဲ ကျွန်တော်တို့လည်း လိုအပ်ရာကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာကို ယုံကြည်စိတ်ချပြီး “ကိုယ်တော်ဟာ ကျွန်တော့်ခိုလှုံရာပဲ” လို့ ပြောနိုင်ကြပါစေ။—ဆာလံ ၁၄၂:၅။
အချိန်ပြဇယား
ဒီဇင်ဘာ ၁၅၊ ၂၀၂၂
ယေ့ဂျနီ မသိလိုက်ပဲ ဒုတိယပြစ်မှု စတင်ဖွင့်လှစ်
စက်တင်ဘာ ၂၂၊ ၂၀၂၃
ဒုတိယပြစ်မှု ဖွင့်ထားကြောင်း ယေ့ဂျနီ သိရှိသွား။ စစ်ဆေးမေးမြန်းပြီးနောက် “ဘာသာရေး အစည်းအဝေးတွေ ပြင်ဆင် ကျင်းပခြင်း” နဲ့ စွဲချက်တင်။
ဧပြီ ၂၂၊ ၂၀၂၄
ပြစ်မှု စတင်ကြားနာစစ်ဆေး
မေ ၂၉၊ ၂၀၂၄
အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ်ချမှတ်