မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဖေဖော်ဝါရီ ၂၄
ရုရှား

ညီအစ်ကို ရိုမန် ဘရန်နိုဗ်စကီနဲ့ သက်ကြီးရွယ်အို မိခင် ညီအစ်မ ဗာလင်တီနာတို့ကို ရုရှားတရားရုံးက ထောင်ဒဏ်ချမှတ်

ညီအစ်ကို ရိုမန် ဘရန်နိုဗ်စကီနဲ့ သက်ကြီးရွယ်အို မိခင် ညီအစ်မ ဗာလင်တီနာတို့ကို ရုရှားတရားရုံးက ထောင်ဒဏ်ချမှတ်

၂၀၂၁၊ ဖေဖော်ဝါရီ ၂၄ မှာ ခါကာစီယာ သမ္မတနိုင်ငံ၊ အာဘာကန်မြို့ တရားရုံးက ညီအစ်ကို ရိုမန် ဘရန်နိုဗ်စကီကို ထောင်ဒဏ် ခြောက်နှစ်နဲ့ ညီအစ်ကို ရိုမန်ရဲ့ မိခင် ညီအစ်မ ဗာလင်တီနာကိုလည်း ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်။ ဒါက ရုရှားနိုင်ငံမှာ ရှိကြတဲ့ ကျွန်တော်တို့ ညီအစ်မတွေထဲမှာ ယုံကြည်ချက်ကြောင့် ထောင်ချခံရတာ ပထမဦးဆုံး ဖြစ်တယ်။ ဗာလင်တီနာဟာ လာမယ့် ၂၀၂၁၊ ဧပြီ မှာ အသက် ၇၀ ပြည့်တော့မယ်။ ၂၀၂၀၊ ဇူလိုင်မှာ လေဖြတ်ထားတယ်။

စီရင်ချက် ချပြီးတဲ့နောက် သူတို့နှစ်ဦးစလုံး အကျဉ်းချခံရတယ်။ ဒီစီရင်ချက်ကို အယူခံဝင်ပါမယ်။