၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်
ရုရှား
ညီအစ်ကို ရိုမန် မာရီယက်ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှာ ညီအစ်ကို ရိုမန် မာရီယက်ဗ် ထောင်ကနေ လွတ်လာပါပြီ။ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂ ရက်မှာ ရိုမန်ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် လေးနှစ်ခွဲ ချမှတ်ခဲ့တာပါ။ စီရင်ချက်မချခင် အချုပ်ထောင်မှာ နှစ်နှစ်နီးပါး နေခဲ့ရတဲ့အတွက် အခု ပြစ်ဒဏ် စေ့သွားပါပြီ။
အမှုရင်ဆိုင်ရတုန်းက ရိုမန်ကို ခံရပ်နိုင်အောင် ခွန်အားပေးတဲ့ အရာနဲ့ပတ်သက်ပြီး တရားရုံးမှာ ဒီလိုပြောခဲ့တယ်– “စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရတယ်ဆိုတာ ကျွန်တော်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ မဆိုင်ဘူး။ ကျွန်တော် မှန်ရာကို လုပ်နေတယ်၊ ဘုရားစံနှုန်းနဲ့အညီ နေထိုင်ဖို့ ကျွန်တော် ကြိုးစားတာကို ဘုရားနှစ်သက်တယ်ဆိုတဲ့ အသိကနေ ခံစားရတာပါ။ ကျွန်တော့်ကို ဘုရားနှစ်သက်တယ်လို့ ဘာကြောင့် စိတ်ချတာလဲ။ အကြောင်းကတော့ ရောမ ၁၅:၁၃ မှာ ‘မျှော်လင့်ချက်ပေးတဲ့အရှင် ဘုရားသခင်က မိမိကို ယုံကြည်အားထားတဲ့ ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ။ အဲဒီအခါ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကြောင့် ပိုပြီးရှင်သန်နေမယ်’ လို့ ဆိုထားလို့ပါ။ မတရားမှုနဲ့ ရင်ဆိုင်နေရပေမဲ့ ကျွန်တော့်စိတ်နှလုံးကတော့ ရွှင်လန်းပြီး ငြိမ်သက်အေးချမ်းနေတယ်။ ဒီလိုဖြစ်နိုင်တာက ဘုရားဆီကရတဲ့ စွမ်းအားတော်နဲ့ ကောင်းချီးကြောင့်ပါ။”
ရိုမန်နဲ့ မိသားစု ပြန်ဆုံစည်းနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဘုရားအပေါ် သစ္စာရှိဖို့ ကြိုးစားသူတွေကို ယေဟောဝါ အမြဲဆုချမယ်ဆိုတာ သိထားလို့ နှစ်သိမ့်မှု ခံစားရပါတယ်။—၂ ရာဇဝင်ချုပ် ၁၅:၇။