မာတိကာဆီ ကျော်သွား

ညီအစ်ကို အန်ဒရေ ဒန်နီယန်နဲ့ ဇနီး နီနာ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်
ရုရှား

ညီအစ်ကို အန်ဒရေ ဒန်နီယန်ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်

ညီအစ်ကို အန်ဒရေ ဒန်နီယန်ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်မှာ အယ်လတိုင်ဒေသ၊ ရုဘ်ဆော့ခ်စကီ မြို့နယ်တရားရုံးက ညီအစ်ကို အန်ဒရေ ဒန်နီယန်ကိုထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ သူ့ကို ချက်ချင်း ထောင်ချလိုက်ပါတယ်။

အချိန်ပြဇယား

  1. မေ ၂၅၊ ၂၀၂၁

    အန်ဒရေရဲ့ ဖုန်းကို လနဲ့ချီ ခိုးနားထောင်တဲ့အပြင် လနဲ့ချီ စောင့်ကြည့်ထောက်လှမ်းပြီးနောက် ပြစ်မှုနဲ့ တရားစွဲဆိုတယ်။

  2. မေ ၂၆၊ ၂၀၂၁

    တိုက်ခန်းကို ဝင်ရောက်ရှာဖွေတယ်။ အန်ဒရေတို့ ဇနီးမောင်နှံကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတယ်။ အန်ဒရေကို ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်။

  3. ဇူလိုင် ၁၃၊ ၂၀၂၂

    အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို ဖွဲ့စည်းမှုနဲ့ တရားစွဲတယ်။

  4. စက်တင်ဘာ ၅၊ ၂၀၂၂

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။

  5. နိုဝင်ဘာ ၇၊ ၂၀၂၂

    ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။

ကိုယ်ရေးအကျဉ်း

“အနာဂတ်အသက်တာမှာပါ ကောင်းချီးခံစားရလိမ့်မယ်ဆိုတဲ့ ကတိကို” ကျွန်တော်တို့ စောင့်မျှော်နေရင်း ညီအစ်ကို အန်ဒရေနဲ့ ဘုရားတရားကိုင်းရှိုင်းဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ တခြား ညီအစ်ကို/မများစွာရဲ့ ပုံသက်သေကောင်းတွေကို ကျွန်တော်တို့ တန်ဖိုးထားလေးမြတ်ပါတယ်။—၁ တိမောသေ ၄:၈

a ညီအစ်ကို အန်ဒရေ ထောင်မကျခင်က ရထားတဲ့ မှတ်ချက်ပါ။