မာတိကာဆီ ကျော်သွား

ညီအစ်ကို အန်ဒရေ အော်ခရင်ချခ်

ဩဂုတ် ၃၊ ၂၀၂၁
ရုရှား

ညီအစ်ကို အန်ဒရေ အော်ခရင်ချခ် ခွန်အားရဖို့ ယေဟောဝါကို အားကိုး

ညီအစ်ကို အန်ဒရေ အော်ခရင်ချခ် ခွန်အားရဖို့ ယေဟောဝါကို အားကိုး

နောက်ဆုံးအချက်အလက် | ၂၀၂၂၊ ဖေဖော်ဝါရီ ၃ မှာ စတုတ္ထအဆင့် ပြည်သူ့ အထက်တရားရုံးချုပ်က ညီအစ်ကို အန်ဒရေ အော်ခရင်ချခ်ရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလစီရင်ချက် ဆိုင်းငံ့ ထောင်ဒဏ် လေးနှစ်က အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုပါ။

အချိန်ပြဇယား

  1. မေ ၂၂၊ ၂၀၁၉

    မျက်နှာဖုံး စွပ်ထားတဲ့ ရဲတွေ မနက်စောစော ရောက်လာပြီး အန်ဒရေရဲ့ နေအိမ်နဲ့ ကားကို ရှာဖွေစစ်ဆေးတယ်။

  2. အောက်တိုဘာ ၂၉၊ ၂၀၂၀

    ရာဇဝတ်မှုနဲ့ အမှုဖွင့်ခံရတယ်။ ပိတ်ပင်ထားတဲ့ ဘာသာရေး ဝတ်ပြုစည်းဝေးတွေမှာ ပါဝင်တယ်၊ အစွန်းရောက် အဖွဲ့အစည်း လုပ်ဆောင်မှုတွေကို အားပေးအားမြှောက်လုပ်တယ်လို့ စွပ်စွဲခံရတယ်။

  3. ဧပြီ ၅၊ ၂၀၂၁

    ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရတယ်။

  4. ဩဂုတ် ၂၊ ၂၀၂၁

    ရော့စတို့ဗ် အော်ဒွန်မြို့၊ လီနင်စကီ ခရိုင်တရားရုံးက အန်ဒရေကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်ပါတယ်။

  5. အောက်တိုဘာ ၄၊ ၂၀၂၁

    ရော့စတို့ဗ် ခရိုင်တရားရုံးက အန်ဒရေရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလစီရင်ချက် အတည်ဖြစ်သွားတယ်။

ကိုယ်ရေးအကျဉ်း

ယုံကြည်ခြင်း ခိုင်မာတဲ့ ရုရှားက ညီအစ်ကို/မတွေဟာ ကျွန်တော်တို့အတွက် တကယ် ပုံသက်သေကောင်းသူတွေပါ။ ညီအစ်ကို အန်ဒရေနဲ့ မိသားစုဟာ ကောင်းကင်ဖခင် ယေဟောဝါကို အားကိုးပြီး ဒီစမ်းသပ်မှုတွေကို ခံရပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ဆာလံ ၃၇:၅