မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆီ ဘူဒန်ချုခ်နဲ့ သား အီဂေါ်၊ သမီး ဆိုဖီယာ၊ ဇနီး တာတယာနာ

ဇူလိုင် ၇၊ ၂၀၂၁
ရုရှား

ညီအစ်ကို အလက်ဆီ ဘူဒန်ချုခ် ရုရှားထောင်ကနေ လွတ်လာ

ညီအစ်ကို အလက်ဆီ ဘူဒန်ချုခ် ရုရှားထောင်ကနေ လွတ်လာ

၂၀၂၁၊ ဇူလိုင် ၆ ရက်မှာ ညီအစ်ကို အလက်ဆီ ဘူဒန်ချုခ် ထောင်ဒဏ် စေ့ပြီး အိုရင်ဘာ့မြို့ ထောင်ကနေ လွတ်လာပါပြီ။ ၂၀၁၉၊ စက်တင်ဘာလမှာ ထောင်ချခံရတဲ့ စရာတော့မြို့က ညီအစ်ကို ခြောက်ယောက်ထဲက တစ်ယောက်ပါ။ လောလောဆယ် ထောင်ထဲမှာ သုံးယောက် ကျန်နေပါသေးတယ်။ မိသားစုနဲ့ မိတ်ဆွေတွေက အလက်ဆီ ထောင်ကနေ လွတ်တာကို ကြိုဖို့ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) ကျော် ခရီးနှင်ခဲ့ကြတယ်။ အခု ညီအစ်ကို အလက်ဆီဟာ မိသားစုနဲ့အတူ စရာတော့မြို့ကို ပြန်ပါတော့မယ်။