မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဇန်းဒါး စဲလ်နီကော့ဗ်

၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀ ရက်
ရုရှား

ညီအစ်ကို အလက်ဇန်းဒါး စဲလ်နီကော့ဗ် ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရ

ညီအစ်ကို အလက်ဇန်းဒါး စဲလ်နီကော့ဗ် ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရ

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂ ရက်မှာ ချီယာဘင့်စ်ဒေသ၊ မက်ဂနီတိုဂေါ့မြို့၊ အန်ဂျနီကီဇီစကီ ခရိုင်တရားရုံးက ညီအစ်ကို အလက်ဇန်းဒါး စဲလ်နီကော့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ရက်ရောတဲ့ဘုရားသခင်က ကျွန်တော်တို့ ဘယ်စမ်းသပ်မှုကိုမဆို ခံရပ်နိုင်စေတဲ့ အရည်အသွေးတွေ မွေးမြူနိုင်အောင် အမြဲကူညီပေးပါမယ်ဆိုတာ သိရလို့ သိပ်ကျေးဇူးတင်ပါတယ်။—ဂလာတိ ၅:၂၂၊ ၂၃

အချိန်ပြဇယား

  1. ဧပြီ ၁၈၊ ၂၀၂၃

    ဗီဒီယိုချိတ်ဆက်ပြီး အစည်းအဝေးတွေလုပ်ဖို့ စီစဉ်တယ်ဆိုတဲ့ စွဲချက်နဲ့ ပြစ်မှု စတင်ဖွင့်လှစ်

  2. ဧပြီ ၂၀၊ ၂၀၂၃

    အလက်ဇန်းဒါး အိမ်အပါအဝင် မက်ဂနီတိုဂေါ့မြို့က အိမ်တွေကို ဝင်ရောက်ရှာဖွေ။ အလက်ဇန်းဒါးကို ဖမ်းသွားပြီး ယာယီအကျဉ်းချထား

  3. ဧပြီ ၂၂၊ ၂၀၂၃

    ယာယီအကျဉ်းထောင်ကနေ လွတ်လာပြီး ခရီးသွားလာခွင့် ကန့်သတ်ခံရ

  4. မေ ၁၄၊ ၂၀၂၄

    ပြစ်မှု စတင် ကြားနာစစ်ဆေး

  5. သြဂုတ် ၂၂၊ ၂၀၂၄

    အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်