မာတိကာဆီ ကျော်သွား

ထောင်က လွတ်လာတဲ့ ညီအစ်ကို အလက်ဇန်းဒါး ပါကို့ဗ်ကို ဇနီးဂါလီနာ ကြိုဆို

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၃ ရက်
ရုရှား

ညီအစ်ကို အလက်ဇန်းဒါး ပါကို့ဗ် ရုရှား ထောင်ကနေ လွတ်လာ

ညီအစ်ကို အလက်ဇန်းဒါး ပါကို့ဗ် ရုရှား ထောင်ကနေ လွတ်လာ

၂၀၂၄ ခုနှစ်၊ သြဂုတ် ၉ ရက်မှာ ညီအစ်ကို အလက်ဇန်းဒါး ပါကို့ဗ် ရုရှား အကျဉ်းထောင်ကနေ လွတ်လာပါပြီ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်မှာ အပြစ်ရှိကြောင်း စီရင်ခံရပြီး ထောင်ဒဏ် ခြောက်နှစ်နဲ့ ခြောက်လကျခဲ့တာပါ။ စီရင်ချက် မချခင်ကတည်းက အချုပ်ခံထားရလို့ အခုတော့ ထောင်ဒဏ်စေ့သွားပါပြီ။

ညီအစ်ကို အလက်ဇန်းဒါးနဲ့ ဇနီး ဂါလီနာ ပါကိုဗာ ခွဲခွာရတာ ငါးနှစ်ကျော်ပြီ။ ညီအစ်မ ဂါလီနာလည်း ယုံကြည်ချက်ကြောင့် တရားစွဲခံရပြီး ထောင်ဒဏ် နှစ်နှစ်နဲ့ သုံးလ ချမှတ်ခံရလို့ အလုပ်ပါ ပြုတ်သွားတယ်။

ထောင်ထဲမှာ ညီအစ်ကို အလက်ဇန်းဒါးက ဇနီးကို ဖုန်းနဲ့၊ စာနဲ့ ဆက်သွယ်တယ်။ “ယေဟောဝါ အတူရှိနေသရွေ့ ဘာမှကြောက်စရာမလိုဘူးလို့ ကျွန်မကို ခဏခဏ ပြော” ပြီး ခက်ခဲချိန်တစ်လျှောက် ခင်ပွန်းဖြစ်သူ အားပေးခဲ့တယ်လို့ ညီအစ်မ ဂါလီနာ ပြောပြတယ်။

ညီအစ်ကို အလက်ဇန်းဒါးနဲ့ ညီအစ်မ ဂါလီနာ ပြန်လည်ဆုံစည်းပြီး ယေဟောဝါကို အတူဝတ်ပြုနေကြတယ်။ သူတို့ကို ဘုရား ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။ ယုံကြည်ချက်ကြောင့် ထောင်ကျနေသူအားလုံးအတွက် “ဆုတောင်းဖို့ အမြဲ အသင့်ရှိနေ” ကြပါစို့။—၁ ပေတရု ၄:၇