မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဇန်းဒါ ရှရဘီနား ထောင်က လွတ်လာ။ အတွင်းပုံ- ညီအစ်ကို အလက်ဇန်းဒါကို ကြိုဆိုဖို့ စောင့်နေကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေ။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်
ရုရှား

ညီအစ်ကို အလက်ဇန်းဒါ ရှရဘီနား ထောင်ကနေ လွတ်ပြီ

ညီအစ်ကို အလက်ဇန်းဒါ ရှရဘီနား ထောင်ကနေ လွတ်ပြီ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ မှာ ညီအစ်ကို အလက်ဇန်းဒါ ရှရဘီနားက ရုရှားနိုင်ငံ၊ ရော့စတိုဗ် အော်န်ဒွန်မြို့ အကျဉ်းထောင်ကနေ လွတ်လာပြီ။ ၇၉ ရက် အချုပ်ကျပြီး ၆၀၉ ရက် ထောင်ကျခဲ့လို့ အထဲမှာ စုစုပေါင်း ၂ နှစ်နီးပါး နေခဲ့ရတယ်။

ထောင်ဒဏ် ချမှတ်မခံရခင်မှာ ညီအစ်ကို အလက်ဇန်းဒါက ကျမ်းစာထဲက မော်ဒကဲရဲ့ ပုံသက်သေကြောင့် အားရှိခဲ့ကြောင်း အခုလို ပြောပြတယ်- “မော်ဒကဲဟာ ကြောက်စရာ ရန်သူကြီး ဟာမန်ကို မကြောက်ခဲ့ဘူး။ သူ့အတွက် အရေးကြီးဆုံးက အခြေအနေတိုင်းမှာ ယေဟောဝါအပေါ် သစ္စာရှိဖို့ပဲ။ မော်ဒကဲအကြောင်း တွေးတောလို့ ကျွန်တော် သတ္တိရှိနေတာ။”

ညီအစ်ကို အလက်ဇန်းဒါရဲ့ ပုံသက်သေကောင်းကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ ယေဟောဝါရဲ့ ကောင်းချီးကြောင့် ညီအစ်ကို အလက်ဇန်းဒါ “ယုံကြည်ခြင်းမှာ ခိုင်မြဲ” နေပြီး မိသားစု၊ မိတ်ဆွေတွေနဲ့ ပြန်ဆုံနိုင်လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။—၁ ကောရိန္သု ၁၆:၁၃