မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဇန်နဝါရီ ၂၆
ရုရှား

ညီအစ်မ ဂါလီနာ ပါကိုဗာကို ရုရှားတရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ချမှတ်

ညီအစ်မ ဂါလီနာ ပါကိုဗာကို ရုရှားတရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ချမှတ်

၂၀၂၁၊ ဇန်နဝါရီ ၂၆ မှာ ရော့စတို့ဗ် အော်န်ဒွန်မြို့၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်မ ဂါလီနာ ပါကိုဗာကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်နဲ့ သုံးလ ချမှတ်လိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ ထောင်ထဲ သွားစရာ မလိုဘူး။

တရားရုံးရှေ့ နောက်ဆုံးထွက်ဆိုချိန်မှာ ညီအစ်မ ဒီလို သတ္တိရှိရှိ ပြောသွားတယ်– “ယုံကြည်ခြင်း ရှိသူ တစ်ယောက်အနေနဲ့ ဒီနေ့ ကျွန်မ ကြုံရတဲ့ အခက်အခဲတွေရဲ့ အကြောင်းရင်းကို နားလည်ပါတယ်။ အကြောင်းရင်းကို သခင် ယေရှုခရစ် ကြိုဟောထားတယ်။ ယောဟန် ခရစ်ဝင်ကျမ်း အခန်းကြီး ၁၅၊ အခန်းငယ် ၂၀ မှာ ‘ကျွန်ဆိုတာ သခင်ထက် ပိုကြီးမြတ်တာ မဟုတ်ဘူး။ ကျွန်တော့်ကို ညှဉ်းဆဲရင် ခင်ဗျားတို့ကိုလည်း ညှဉ်းဆဲကြလိမ့်မယ်’ လို့ ယေရှု ပြောတယ်။

“လူတွေကို ကုသပေးပြီး ကျွေးမွေးတဲ့၊ ဖခင်အကြောင်း၊ အနာဂတ် နိုင်ငံတော်အကြောင်း သင်ပေးတဲ့ ယေရှုကို သူတို့ အဲဒီလို ဆက်ဆံရင် ယေရှုရဲ့ နောက်လိုက်တွေ ဘာမျှော်လင့်ထားသင့်သလဲ။ ကိုယ့်ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရတာက လမ်းမှန်ပေါ် ရှိနေတယ်ဆိုတဲ့ ကျွန်မရဲ့ ယုံကြည်စိတ်ချမှုကို တကယ် ခိုင်မာစေတယ်။”