မာတိကာဆီ ကျော်သွား

ညီအစ်မ ဗစ်တိုးရီးယား ဗရပ်ခေါချရိုဗာ

ဩဂုတ် ၁၈၊ ၂၀၂၁
ရုရှား

ညီအစ်မ ဗစ်တိုးရီးယား ဗရပ်ခေါချရိုဗာ ရာဇဝတ်မှုနဲ့ တရားစွဲခံရပေမဲ့ ပြုံးပျော်နေဆဲ

ညီအစ်မ ဗစ်တိုးရီးယား ဗရပ်ခေါချရိုဗာ ရာဇဝတ်မှုနဲ့ တရားစွဲခံရပေမဲ့ ပြုံးပျော်နေဆဲ

အချိန်ပြဇယား

  1. ၂၀၂၁၊ နိုဝင်ဘာ ၂၉ မှာ နိဇ်နီ နို့ဗ်ဂိုရော့၊ ပရိုင်ရစ်စကီ ခရိုင်တရားရုံးက ညီအစ်မ ဗစ်တိုးရီးယား ဗရပ်ခေါချရိုဗာကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်ပါတယ်။ အခု သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး

  2. ဇူလိုင် ၁၇၊ ၂၀၂၀

    ညီအစ်မ ဗစ်တိုးရီးယား ခရီးသွားလာခွင့် ကန့်သတ်ခံရတယ်

  3. မတ် ၂၆၊ ၂၀၂၀

    ဗစ်တိုးရီးယားကို ရာဇဝတ်မှုနဲ့ တရားစွဲတယ်

  4. ဇူလိုင် ၁၇၊ ၂၀၁၉

    စစ်ကြောရေးနဲ့ ရဲအရာရှိ ဆယ်ဦးတို့ဟာ ဗစ်တိုးရီးယားရဲ့ နေအိမ်ကို ငါးနာရီကြာ ရှာဖွေစစ်ဆေးကြတယ်။ ဗစ်တိုးရီးယားနဲ့ ခင်ပွန်း ဆာဂေးကို သီးခြားအခန်းမှာ ထည့်ထားကြတယ်။ အရာရှိတွေက ထောင်သားဘဝ ဘယ်လောက် ခက်ခဲကြမ်းတမ်းကြောင်း ပြောပြီး ဗစ်တိုးရီးယားကို ခြောက်လှန့်ကြတယ်

ကိုယ်ရေးအကျဉ်း

ရုရှားက ညီအစ်ကို/မတွေ နှိပ်စက်ညှဉ်းဆဲခံနေရကြပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့ ပြုံးပျော်နေကြဆဲပါပဲ။ ဘုရားသခင်က သူတို့ကို “ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ” ဆက်ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ရောမ ၁၅:၁၃