မာတိကာဆီ ကျော်သွား

ညီအစ်မ ယယ်လီနာ ရီနို ချဲနိရှိုဗာ

၂၀၂၁၊ ဇန်နဝါရီ ၂၈
ရုရှား

ညီအစ်မ ယယ်လီနာ ရီနို ချဲနိရှိုဗာဟာ ယုံကြည်ချက်ကြောင့် တရားစွဲခံရ

ညီအစ်မ ယယ်လီနာ ရီနို ချဲနိရှိုဗာဟာ ယုံကြည်ချက်ကြောင့် တရားစွဲခံရ

စီရင်ချက် ချမယ့်အချိန်

၂၀၂၁၊ ဇန်နဝါရီ ၂၉ a ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ညီအစ်မ ယယ်လီနာ ရီနို ချဲနိရှိုဗာရဲ့ အမှုကို ဆုံးဖြတ်ချက် ချမယ်။ အစိုးရ ရှေ့နေတွေက ဘယ်လို ပြစ်ဒဏ်ပေးရမလဲဆိုတာ တောင်းဆိုထားခြင်း မရှိသေးဘူး။

ကိုယ်ရေးအကျဉ်း

ညီအစ်မ ယယ်လီနာ ရီနို ချဲနိရှိုဗာ

  • မွေးဖွားတဲ့နှစ်– ၁၉၆၈ (မာလင်း၊ အီရကွတ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ– ၁၉၉၀ နောက်ပိုင်းမှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာတယ်။ ဒါကြောင့် စစ်တပ်ကနေ ထွက်ပြီး အိမ်ထောင်ရေး ပိုသာယာအောင် ကြိုးစားခဲ့တယ်။ ၁၉၉၈ မှာ နှစ်ခြင်းခံတယ်

  • ခင်ပွန်းဖြစ်သူက ဘာသာမတူပေမဲ့ ညီအစ်မရဲ့ ဝတ်ပြုမှုကို ထောက်ခံတယ်။ ညီအစ်မက ဘောလုံးနဲ့ ဘော်လီဘော ကစားတာ ကြိုက်တယ်

အမှုနောက်ကြောင်း

၂၀၁၉၊ စက်တင်ဘာ ၂၉ မှာ ဘိုင်ရိုဘစ်ဇန်မြို့ အာဏာပိုင်တွေက ညီအစ်မ ယယ်လီနာ ရီနို ချဲနိရှိုဗာကို ရာဇဝတ်မှုနဲ့ တရားစွဲတယ်။

ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) အရာရှိတွေက ယယ်လီနာရဲ့ အိမ်ကို ဝင်ရောက် ရှာဖွေကြတယ်။ တည်တည်ငြိမ်ငြိမ် ရှိအောင် ကူညီပေးခဲ့လို့ ယေဟောဝါကို ကျေးဇူးတင်တယ်လို့ ပြောတယ်။ “တည်တည်ငြိမ်ငြိမ် ရှိဖို့၊ သတ္တိရှိဖို့၊ သိက္ခာရှိရှိ ရင်ဆိုင်နိုင်ဖို့၊ ဆက်သစ္စာရှိနေဖို့ ယေဟောဝါဆီ အမြဲ ဆုတောင်းတယ်။ ရှာဖွေမှုက အေးအေးဆေးဆေးပါပဲ။ အားလုံး ယဉ်ကျေးကြပါတယ်” လို့ ပြောတယ်။

ဒီအမှုက ယယ်လီနာနဲ့ မိသားစုကို အတော်လေး ထိခိုက်တယ်။ ၂၀၂၀၊ ဇူလိုင်မှာ ခင်ပွန်းဖြစ်သူ တတိယအကြိမ် နှလုံး အမောဖောက်တယ်။ အာဏာပိုင်တွေက ညီအစ်မ ယယ်လီနာကို ဘိုင်ရိုဘစ်ဇန်မြို့ကနေ အပြင် မထွက်ဖို့ တားမြစ်ထားတယ်။ ဘဏ်အကောင့်ကိုလည်း ပိတ်ထားတယ်။

နှိက်စက်ခံနေရတဲ့ တခြား ညီအစ်ကို ညီအစ်မတွေရဲ့ ခံနိုင်ရည်အကြောင်း စဉ်းစားတာက ယယ်လီနာကို ခွန်အားရှိစေတယ်။ “ယေဟောဝါကို ယုံကြည်တဲ့အတွက် အိမ်တွေ စီးနင်းခံရ၊ နှိပ်စက်ခံရတဲ့ ညီအစ်ကို ညီအစ်မတွေအကြောင်း ဖတ်ရတာ ကြိုက်တယ်။ အခက်အခဲတွေ၊ မတရားနှိပ်စက်မှုတွေကြား သတ္တိရှိရှိ ခံရပ်နေကြတယ်” လို့ ယယ်လီနာ ပြောတယ်။ ပုံမှန် ကျမ်းစာဖတ်တာ၊ တွေးတောဆင်ခြင်တာကနေလည်း အကျိုးရတယ်။

ဆက်ခံရပ်နိုင်ဖို့ ဟေရှာယ ၃၀:၁၅ မှာ ပါတဲ့ အချက်ကို ယယ်လီနာ တွေးတောဆင်ခြင်တယ်။ “တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်” လို့ ပြောထားတယ်။ “ဒီကျမ်းချက်ကို စိတ်ထဲ အမြဲ စွဲထားတယ်။ ကျွန်မကို ယေဟောဝါ ဆွဲဆောင်ခဲ့လို့ ပြောမပြတတ်အောင် ကျေးဇူးတင်တယ်။ . . . စိတ်ထဲမှာ အမြဲ အေးချမ်းနေတယ်။ အရာအားလုံးအတွက် ယေဟောဝါကို ပိုအားကိုးပြီး ယုံကြည်ကိုးစားလာတယ်။ ကျွန်မကို ဘယ်တော့မှ မစွန့်ဘူးဆိုတာ စိတ်ချတယ်” လို့ ပြောတယ်။

a ပြောင်းနိုင်။