မာတိကာဆီ ကျော်သွား

ဗလာဒီဗော့စ်တော့၊ ပါဗိုရက်ချ်ကင်စကီ ခရိုင်တရားရုံးအပြင်မှာ ညီအစ်မ ယေလီနာ ဘာမာကီနာနဲ့ ခင်ပွန်း ဒီမီထရီ

စက်တင်ဘာ ၂၉၊ ၂၀၂၀
ရုရှား

ညီအစ်မ ယေလီနာ ဘာမာကီနာရဲ့အမှု သက်သေမခိုင်လုံတဲ့အတွက် တရားသူကြီးက အစိုးရရှေ့နေဆီ ပြန်အပ်

ညီအစ်မ ယေလီနာ ဘာမာကီနာရဲ့အမှု သက်သေမခိုင်လုံတဲ့အတွက် တရားသူကြီးက အစိုးရရှေ့နေဆီ ပြန်အပ်

၂၀၂၀၊ စက်တင်ဘာ ၂၉ မှာ ဗလာဒီဗော့စ်တော့၊ ပါဗိုရက်ချ်ကင်စကီ ခရိုင်တရားရုံးက ညီအစ်မ ယေလီနာ ဘာမာကီနာရဲ့ အမှုကို စီရင်ချက်မချဘဲ အစိုးရရှေ့နေရုံးဆီ ပြန်အပ်လိုက်ပါတယ်။ အစွန်းရောက် လုပ်ဆောင်မှုမှာ ညီအစ်မ ဘာမာကီနာ ပါဝင်တယ်ဆိုတဲ့ အစိုးရရှေ့နေရဲ့ စွဲချက် သက်သေမခိုင်လုံဘူးလို့ တရားသူကြီးက ပြောတယ်။ ဒီအတွက် အစိုးရရှေ့နေ အယူခံဝင်နိုင်တယ်။ အစိုးရရှေ့နေရုံးက သက်သေအခိုင်အလုံ ပြနိုင်ချိန်ကျမှ ပြန်ကြားနာမှာဖြစ်လို့ အမှုကို ဆိုင်းငံ့ထားပါတယ်။