မာတိကာဆီ ကျော်သွား

ညီအစ်မ အနာတာစီယာ ဂူဇီဗာနဲ့ ခင်ပွန်း ကွန်စတန်တင်

ဧပြီ ၂၊ ၂၀၂၁
ရုရှား

ညီအစ်မ အနာတာစီယာ ဂူဇီဗာ ယုံကြည်ချက်ကြောင့် ထောင်ချခံရဖွယ်ရှိ

ညီအစ်မ အနာတာစီယာ ဂူဇီဗာ ယုံကြည်ချက်ကြောင့် ထောင်ချခံရဖွယ်ရှိ

နောက်ဆုံးအချက်အလက်| ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၁၊ ဒီဇင်ဘာ ၂ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ညီအစ်မ အနာတာစီယာ ဂူဇီဗာကို အယူခံကို ပယ်ချလိုက်ပါတယ်။ မူလစီရင်ချက် အတည်ဖြစ်သွားပါပြီ။ သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

၂၀၂၁၊ ဩဂုတ် ၁၉ နေ့မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ညီအစ်မ ဂူဇီဗာကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် လပေါင်း ၃၀ ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

အနာတာစီယာ ဂူဇီဗာ

  • မွေးဖွားတဲ့နှစ်။ ၁၉၇၉ (ဘိုင်ရိုဘစ်ဇန်)

  • ဘဝအတ္ထုပ္ပတ္တိ။ မောင်နှစ်ယောက်နဲ့အတူ တစ်ကိုယ်ရေ မိခင်နဲ့ ကြီးပြင်းလာသူပါ။ ကလေးဘဝတုန်းက စာဖတ်တာ၊ အားကစားလုပ်တာ၊ စုံတွဲအက ကတာတွေ ဝါသနာပါတယ်။ ဆယ်နှစ်အရွယ်ရောက်တော့ အဖွားရဲ့အိမ်မှာ ကျမ်းစာတစ်အုပ် တွေ့တယ်။ အဲဒီအချိန်ကစပြီး ဘုရားသခင်အကြောင်း သိချင်လာတယ်။ နောက်ပိုင်း သားအမိနှစ်ယောက် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာပြီး ၁၉၉၅ မှာ နှစ်ခြင်းခံကြတယ်။ ၂၀၀၁ မှာ ကွန်စတန်တင်နဲ့ လက်ထပ်တယ်

အမှုနောက်ကြောင်း

၂၀၁၈၊ မေလမှာ အနာတာစီယာနဲ့ ကွန်စတန်တင်တို့အိမ်ကို ရုရှား အာဏာပိုင်တွေ ဝင်စီးတယ်။ ၂၀၁၉၊ ဇူလိုင်မှာ ကွန်စတန်တင်ကို “အစွန်းရောက်” အဖြစ် စွဲချက်တင်ပြီး ၂၀၂၀၊ ဖေဖော်ဝါရီမှာ အနာတာစီယာကို စွဲချက်တင်ကြတယ်။ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ယေဟောဝါသက်သေ ၂၃ ယောက်ကို အမှု ၁၉ ခု ဖွင့်ထားတယ်။

ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရလို့ အနာတာစီယာတို့ ဇနီးမောင်နှံ အခက်အခဲ အများကြီး ကြုံရတယ်။ “အစွန်းရောက်တွေ” အဖြစ် သမုတ်ခံရလို့ သူတို့ အလုပ်လုပ်တဲ့ ဂီတကျောင်းကနေ အလုပ်နားလိုက်ရတယ်။ ၂၀၂၁၊ ဖေဖော်ဝါရီလမှာ ကွန်စတန်တင်ဟာ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခံရတယ်။

ဆက်ခံရပ်နိုင်အောင် ဘာက ကူညီပေးသလဲဆိုတာ အနာတာစီယာ ပြောပြတယ်။ “နှိပ်စက်ညှဉ်းဆဲမှု ကြုံရမယ်၊ တကယ်တမ်း ကြုံလာရရင် ဘယ်လို လုပ်မလဲဆိုတာ စိတ်ထဲ ကြိုပြင်ထားတာ ကောင်းတယ်။ ကမ္ဘာပေါ် ယေရှုရဲ့ နောက်ဆုံးနေ့အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ဖတ်ကြည့်တဲ့အခါ ယေရှုဟာ အဖမ်းခံရရင် ဘာလုပ်မယ်၊ . . . ဘယ်အချိန် စကားပြောမယ်၊ ဘယ်အချိန် နှုတ်ဆိတ်နေမယ်၊ ဘာကိုပဲ ပြောမယ် ဆိုတာတွေကို ကြိုစဉ်းစားထားမှန်း သိနိုင်တယ်။”

ရောမ ၈:၃၈၊ ၃၉ ပါ ကျမ်းစကားတွေကလည်း အားရှိစေတယ်လို့ ပြောတယ်။ “ဒီကျမ်းစကားမှာ စိတ်ချမ်းသာစရာအချက်တစ်ခု ပါတယ်။ စကြဝဠာမှာ တန်ခိုးအကြီးဆုံး ပုဂ္ဂိုလ်နှစ်ပါးရဲ့ မေတ္တာကို ကျွန်မ ခံစားနေရတယ်။ ဒါကို ဘယ်သူကမှ မတားဆီးနိုင်ဘူး။ ဒီအချက်က ခံနိုင်ရည်နဲ့ သတ္တိရှိစေတယ်။”