မာတိကာဆီ ကျော်သွား

၂၀၂၀၊ အောက်တိုဘာ၊ တရားရုံး အပြင်ဘက်မှာ ညီအစ်မ အန်နာ လော့ဗစ်ချ်ကီ

၂၀၂၁၊ ဖေဖော်ဝါရီ ၂၅
ရုရှား

ညီအစ်မ အန်နာ လော့ဗစ်ချ်ကီ၊ ခင်ပွန်းနဲ့ ယောက္ခမတို့ ရာဇဝတ်မှုနဲ့ တရားစွဲခံရ

ညီအစ်မ အန်နာ လော့ဗစ်ချ်ကီ၊ ခင်ပွန်းနဲ့ ယောက္ခမတို့ ရာဇဝတ်မှုနဲ့ တရားစွဲခံရ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၁၊ ဒီဇင်ဘာ ၁၆ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ညီအစ်မ အန်နာ လော့ဗစ်ချ်ကီရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုဘူး။

၂၀၂၁၊ ဇူလိုင် ၂၀ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက အန်နာကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

အန်နာ လော့ဗစ်ချ်ကီ

  • မွေးဖွားတဲ့နှစ်။ ၁၉၉၃ (ဘိုင်ရိုဘစ်ဇန်)

  • ဘဝအတ္ထုပ္ပတ္တိ။ ကျမ်းစာစံနှုန်းတွေကို လိုက်လျှောက်ဖို့ သွန်သင်ပေးတဲ့ မိခင်လက်အောက်မှာ ကြီးပြင်းလာတယ်။ ၂၀၁၂ မှာ နှစ်ခြင်းခံတယ်။ စက်ချုပ် ကျွမ်းကျင်တယ်။ ၂၀၁၈ မှာ အာတာနဲ့ အိမ်ထောင်ကျတယ်။ ငါးဖမ်းတာ၊ ခရီးသွားတာ၊ ဘော်လီဘော ကစားတာ နှစ်သက်တယ်

အမှုနောက်ကြောင်း

၂၀၂၀၊ ဖေဖော်ဝါရီ ၆ မှာ ဘိုင်ရိုဘစ်ဇန်မှာ ရှိတဲ့ အာဏာပိုင်တွေက အန်နာနဲ့ ခရစ်ယာန် ညီအစ်မ ခြောက်ယောက်ကို “အစွန်းရောက်” လုပ်ငန်းမှာ ပါဝင်မှုနဲ့ တရားစွဲတယ်။ အန်နာရဲ့ ခင်ပွန်း အာတာ၊ ယောက္ခမ အီရီနာ အပါအဝင် ယေဟောဝါသက်သေတွေကို တရားစွဲထားတဲ့ စုစုပေါင်း အမှု ၁၉ ခု ရှိတယ်။

ဒီလူငယ်ဇနီးမောင်နှံဟာ ရာဇဝတ်မှုနဲ့ တရားစွဲခံရလို့ အခက်အခဲတွေ ကြုံရတယ်။ ခရီးသွားလို့ မရဘူး။ ဘဏ်အကောင့် ပိတ်ခံရတယ်။ တခြား ပြည်သူ့ဝန်ဆောင်မှုတွေ မရအောင်လည်း ကန့်သတ်ခံရတယ်။ အန်နာခမျာ စိတ်ပင်ပန်းလွန်းလို့ တစ်ခါတလေ ဆေးကုသမှု ခံယူရတဲ့အထိပဲ။

သူ့အတွက် အကူအညီ ဖြစ်စေတဲ့ အရာတွေအကြောင်း အန်နာ ပြောပြတယ်။ “ရုပ်သံအစီအစဉ်ထဲက သီချင်းတွေက စိတ်သက်သာစေတယ်။ စိတ်ပြေလက်ပျောက် ဖြစ်စေရုံ သာမက အခြေအနေ အမျိုးမျိုးကို မှန်မှန်ကန်ကန် ရှုမြင်တတ်ဖို့ ကူညီပေးတယ်။ ကာယလေ့ကျင့်ခန်း ပုံမှန် လုပ်တာကလည်း အကောင်းမြင်စိတ် ဆက်ရှိစေတယ်” လို့ ပြောတယ်။

ကိုယ့်လိုအပ်ရာထက် တခြားသူတွေရဲ့ လိုအပ်ရာကို ဦးစားပေးတယ်လို့လည်း အန်နာ ပြောတယ်။ “လက်ဆောင် သေးသေးလေး ဖြစ်ရင်တောင် လတိုင်း တခြားသူတွေကို လက်ဆောင် ပေးဖို့ ကျွန်မတို့ ပန်းတိုင်ထားတယ်။ ကိုယ့်ပြဿနာကိုပဲ မဟုတ်ဘဲ တခြားသူတွေအကြောင်းလည်း စဉ်းစားတယ်” လို့ ပြောတယ်။

စီရင်ချက် ချမယ့်အချိန်ကို စောင့်ရင်း လက်ရှိ အခြေအနေကို ‘ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း ပြဖို့ အခွင့်အရေး’ အဖြစ် အန်နာ ရှုမြင်တယ်။—ဆာလံ ၁၈:၂၅