မာတိကာဆီ ကျော်သွား

ဇွန် ၁၅, ၂၀၁၈
ရုရှား

ဌာနခွဲ အိမ်မြေ​ရာ​အဆောက်အအုံ​ကို ရုရှား သိမ်းယူ

ဌာနခွဲ အိမ်မြေ​ရာ​အဆောက်အအုံ​ကို ရုရှား သိမ်းယူ

၂၀၁၈၊ မေ ၃ ရက်​နေ့မှာ စိန့်​ပီတာစဘတ်​မြို့ တရားရုံး​က ၂၀၁၇၊ ဒီဇင်ဘာလ စီရင်ချက်​ကို အတည်ပြု​လိုက်လို့ ဆို​နီ​ချ​နို​ယာ​ရွာ​နား​မှာ တည်ရှိတဲ့ ရုရှား​ဌာနခွဲ အဆောက်အအုံတွေကို ရုရှား​အစိုးရ ချက်ချင်း သိမ်းယူ​ခွင့် ရသွားတယ်။ အမှု​မကြားနာ​ခင်မှာ သတင်းသမား​တစ်ဦး၊ ဘာသာရေး​ပညာရှင်​တစ်ဦး​နဲ့ ယေဟောဝါ​သက်သေ ရှေ့နေ​နှစ်ဦး​တို့​က မတရား​ကြောင်း ဖော်ထုတ်​ကြတယ်။ ဌာနခွဲရုံး ဆောက်လုပ်​ရာ​မှာ ဝိုင်းကူ​ခဲ့​တဲ့ မောင်နှံ​တစ်စုံ​က​လည်း ဒီ​မြေရာ​အဆောက်အအုံ​နဲ့​ပတ်သက်တဲ့ သူတို့ရဲ့​သဘောထားကို ပြောပြ​ကြတယ်။