မာတိကာဆီ ကျော်သွား

ညီအစ်မ နာတာလီယာ ခရီဂျာနဲ့ ခင်ပွန်း ဗာလေရီ

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁
ရုရှား

“တရားစီရင်ရာနေ့” စီးနင်းမှုမှာ ညီအစ်မ နာတာလီယာ ခရီဂျာ ပြစ်ဒဏ်စီရင်ခံရဖွယ်ရှိ

“တရားစီရင်ရာနေ့” စီးနင်းမှုမှာ ညီအစ်မ နာတာလီယာ ခရီဂျာ ပြစ်ဒဏ်စီရင်ခံရဖွယ်ရှိ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၁၊ နိုဝင်ဘာ ၂၅ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ညီအစ်မ နာတာလီယာ ခရီဂျာရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ မူလစီရင်ချက် အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

၂၀၂၁၊ ဇူလိုင် ၃၀ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ညီအစ်မ ခရီဂျာကို အပြစ်ရှိကြောင်း စီရင်လိုက်ပါတယ်။ တရားရုံးက ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

နာတာလီယာ ခရီဂျာ

  • မွေးဖွားတဲ့နှစ်။ ၁၉၇၈ (ခါဘာရော့စ်မြို့)

  • ဘဝအတ္ထုပ္ပတ္တိ။ နာတာလီယာ မွေးကင်းစအရွယ်မှာ မိခင် ဆုံးပါးသွားလို့ မိဘမဲ့ ဂေဟာမှာ နေခဲ့တယ်။ အသက်ခြောက်နှစ်မှာ ကီလိုမီတာ ၄၀၀ (၂၄၈ မိုင်) ဝေးတဲ့ အမူဇီယပ်မြို့ကို ပြောင်းရွှေ့ပြီး ယေဟောဝါသက်သေ အဖွား၊ အဒေါ်၊ ဝမ်းကွဲတို့နဲ့အတူ နေထိုင်တယ်။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရသူအဖြစ် လုပ်ကိုင်ခဲ့တယ်

  • ၁၉၉၉ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။ ၂၀၁၇ မှာ ဗာလေရီနဲ့ လက်ထပ်တယ်။ အက ဝါသနာပါတယ်။ အပျော်တမ်း ဖောင်စီးတာ၊ တောင်တက်ရတာ နှစ်သက်တယ်

အမှုနောက်ကြောင်း

၂၀၁၈၊ မေလမှာ ရုရှားအာဏာပိုင်တွေက ခရီဂျာတို့အိမ်ထဲ ဝင်ရောက်ရှာဖွေကြတယ်။ ဒါဟာ အစိုးရ အာဏာပိုင်တွေရဲ့ “တရားစီရင်ရာနေ့” စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ ဒေသခံ အစိုးရ ရှေ့နေက ဗာလေရီကို ရာဇဝတ်မှုနဲ့ အမှုဖွင့်တယ်။ ၂၀၂၀၊ ဖေဖော်ဝါရီ ၆ မှာ အာဏာပိုင်တွေက နာတာလီယာကို ရာဇဝတ်မှုနဲ့ စတင် အရေးယူတယ်။ နာတာလီယာဟာ တရားစွဲခံရတဲ့ ညီအစ်မ ခြောက်ယောက်ထဲက တစ်ယောက် ဖြစ်တယ်။

ရာဇဝတ်မှုနဲ့ တရားစွဲခံထားရတဲ့အပြင် သူ ခြောက်နှစ်လောက် ပြုစုခဲ့တဲ့ အဘွားကလည်း ၂၀၂၀၊ ဖေဖော်ဝါရီမှာ ဆုံးပါးသွားတဲ့အတွက် နာတာလီယာ ဝမ်းနည်းခဲ့ရတယ်။

နာတာလီယာဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့အတွက် ဒီအခက်အခဲတွေကို ခံရပ်နိုင်ခဲ့တယ်။ “တခြားသူတွေအတွက် ဆုတောင်းပေးတာက ကိုယ့်ပြဿနာတွေကိုပဲ အာရုံစိုက်နေတာမျိုး မဖြစ်အောင် ကူညီပေးတယ်။ ဒီစမ်းသပ်မှုတွေကြောင့် ယေဟောဝါနဲ့ ကျွန်မ ပိုရင်းနှီးလာတယ်လို့ ခံစားရတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးပြီး ထောက်မပေးနေတာကို ကျွန်မ ခံစားရတယ်” လို့ ပြောတယ်။

နာတာလီယာဟာ ယေဟောဝါရဲ့ ထောက်မမှု ဆက်ရနိုင်မယ့် အကြောင်းရင်းတွေကို မကြာခဏ စဉ်းစားတယ်။ “ဆာလံ ၉၄:၁၉ က ကျွန်မကို တကယ် ခွန်အား ဖြစ်စေတယ်။ အဲဒီမှာ ‘ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်’ လို့ ပြောထားတယ်။ ရှေးအချိန်မှာကော၊ အခုချိန်မှာပါ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံရပ်နိုင်ခဲ့တဲ့၊ သတ္တိရှိတဲ့ ဘုရားရဲ့ ကျေးကျွန် အများကြီး ရှိတယ်။ ဒီပုံနမူနာတွေကို တွေးတောဆင်ခြင်တာက ကျွန်မကို ခွန်အား ပိုတိုးလာစေတယ်” လို့ ပြောတယ်။