၂၀၁၇ ဧပြီ ၇
ရုရှား
ရုရှားဖယ်ဒရေးရှင်း တရားရုံးချုပ်ရဲ့ တတိယနေ့မှာ ယေဟောဝါသက်သေတွေ သက်သေထွက်ဆို
နယူးယောက်- ရုရှားဖယ်ဒရေးရှင်း တရားရုံးချုပ်က အမှုကို ကြားနာစစ်ဆေးတဲ့ တတိယနေ့ကို ဧပြီလ ၁၂ ရက် ၂၀၁၇ နံနက် ၁၀:၀၀ နာရီ အထိ ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီနေ့ကြားနာမှုမှာ ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုကို တရားရေးဝန်ကြီးဌာနက ပိတ်ပင်ဖို့ ကြိုးစားတာကို ယေဟောဝါသက်သေ ၄ ဦး တန်ပြန် သက်သေထွက်ဆိုချက်ကို ကြားနာခဲ့တယ်။
တရားသူကြီးက ယေဟောဝါသက်သေတွေဟာ အစွန်းရောက်သူတွေဖြစ်ပြီး အစွန်းရောက်စာပေတွေ ဝေငှနေတယ်ဆိုတဲ့ တရားရေးဝန်ကြီးဌာနရဲ့ စွပ်စွဲချက်တွေကို သက်သေပြဖို့ တောင်းဆိုခဲ့တယ်။ တရားရေးဝန်ကြီးဌာနက ဘာသက်သေအထောက်အထားမှ မပြနိုင်ခဲ့ဘူး။ ရုရှားနိုင်ငံရှိ ယေဟောဝါသက်သေ စီမံခန့်ခွဲရေးဌာနရဲ့ ဦးစီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗာစီလီ ကာလင်းက “ယေဟောဝါသက်သေတွေကို ပိတ်ပင်ဖို့ တောင်းဆိုတာဟာ ခင်ဗျားတို့ကို ငြိမ်သက်အေးချမ်းပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်စေချင်တဲ့ လူတွေကို ထိခိုက်နစ်နာစေမယ်ဆိုတာ တရားရေးဝန်ကြီးဌာနကို အသိပေးချင်ပါတယ်”လို့ တရားရုံးမှာ ထွက်ဆိုပြောထုတ်ခဲ့တယ်။
သတင်းအချက်အလက် ဆက်သွယ်ရန်-
နိုင်ငံတကာ- David A. Semonian, Office of Public Information, +1-845-524-3000
ရုရှား- Yaroslav Sivulskiy, +7-812-702-2691