မာတိကာဆီ ကျော်သွား

ဧပြီ ၆၊ ၂၀၁၇
ရုရှား

ရုရှား​ဖယ်​ဒ​ရေး​ရှင်း တရားရုံးချုပ်​က ယေဟောဝါသက်သေတွေရဲ့ အမှုကို ဆက်လက် ကြားနာစစ်ဆေး

ရုရှား​ဖယ်​ဒ​ရေး​ရှင်း တရားရုံးချုပ်​က ယေဟောဝါသက်သေတွေရဲ့ အမှုကို ဆက်လက် ကြားနာစစ်ဆေး

ရုရှား​ဖယ်​ဒ​ရေး​ရှင်း တရားရုံးချုပ်​က ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေး​ဌာန​ကို ဖျက်သိမ်း​ဖို့ တရားရေး​ဝန်ကြီးဌာနရဲ့ စွဲ​ဆို​ချက်​ကို ဒုတိယ​နေ့မှာ ဆက်လက် ကြားနာစစ်ဆေး​နေပါတယ်။ လာ​မဲ့ သောကြာ​နေ့ ဧပြီ ၇၊ ၂၀၁၇ နံနက် ၁၀:၀၀နာရီ အထိ ရွှေ့ဆိုင်း​ထားဖို့ ဆုံးဖြတ်ပြီး ယနေ့​တရားရုံး ကြားနာစစ်ဆေး​မှု​ကို ရပ်နား​လိုက်ပါ​တယ်။

နယူးယောက်၊ ကမ္ဘာ့​ဌာနချုပ်​က ယေဟောဝါသက်သေတွေရဲ့ ပြောဆိုခွင့်​ရ​ပုဂ္ဂိုလ် ဒေးဗစ် အေ. စီ​မွန်​နီး​ယန်း​က “ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း​ကို ပိတ်ပင်​ဖို့ တရားရေး​ဝန်ကြီးဌာနရဲ့ စွဲ​ဆို​ချက်​တွေဟာ အထောက်အထား​မရှိဘူးဆိုတာ ဒီနေ့ ကြားနာစစ်ဆေး​ချိန်မှာ ပေါ်လွင်​နေပါတယ်” ဆိုပြီး ရှင်းပြခဲ့တယ်။ “ဒီနေ့၊ တရားရေး​ဝန်ကြီးဌာန ပြော​သွား​ချက်​အရ တကယ်လို့ ယေဟောဝါ​သက်သေတွေကို ပိတ်ပင်​ခဲ့ရင် သူတို့တွေ အတူ​စုဝေး​ပြီး ဆုတောင်း​ရင်တောင် တရားမမှု​နဲ့ တရားစွဲ​ခံရနိုင်​တယ်လို့ ပြော​သွားတယ်။ ဒါကြောင့် တရားရုံးချုပ်​က ဒီ​အခြေခံ လူ့​အခွင့်အရေး ချိုးဖောက်​တာ​ကို ကာကွယ်ပေး​ဖို့နဲ့ တရား​မျှတ​စွာ စီရင်​ပေးဖို့ ကျွန်တော်တို့ မျှော်လင့်​ပါတယ်” လို့ ဆက်ပြီး ပြောခဲ့​ပါတယ်။

သတင်း​အချက်အလက် ဆက်သွယ်​ရန်-

နိုင်ငံတကာ- David A. Semonian, Office of Public Information, +1-845-524-3000

ရုရှား- Yaroslav Sivulskiy, +7-812-702-2691