မာတိကာဆီ ကျော်သွား

ဩဂုတ် ၂၂၊ ၂၀၁၈
ရုရှား

ထောင်ဒဏ်မှ အိမ်အကျယ်ချုပ်

ထောင်ဒဏ်မှ အိမ်အကျယ်ချုပ်

အိမ်အကျယ်ချုပ်ထားဖို့ မကြာသေးမီက စီရင်ချက်ချခံရတဲ့ ညီအစ်ကို နှစ်ယောက်နဲ့ သူတို့ရဲ့ ရှေ့နေများ ဓာတ်ပုံ ဖြစ်ပါတယ်။ ဘယ်မှ ညာသို့– ရှေ့နေ ဗီတာလီ ဆဗင့်စို့၊ ဗလာဒီမာ ကိုချနီနဲ့ အလက်ဆန်ဒါ ဆူဗိုရို့၊ ရှေ့နေ အဂီအေဇာ ချာနီကို့။

၂၀၁၈၊ ဩဂုတ် ၃ ရက်နေ့မှာ ရုရှားနိုင်ငံ၊ အိုရင်ဘာ့ဂ်က လီနင်စကီ ခရိုင်တရားရုံး တရားသူကြီး အင်နာ ယန်ဂူဘာယီဗာက ညီအစ်ကို ဗလာဒီမာ ကိုချနီနဲ့ အလက်ဆန်ဒါ ဆူဗိုရို့တို့ကို အိမ်အကျယ်ချုပ်ထားဖို့ စီရင်ချက် ချလိုက်ပါတယ်။ သူတို့ဟာ ထောင်ဒဏ် ၇၈ ရက် ကျခံပြီးကြပါပြီ။ အဲဒီနေ့မှာပဲ မာဂဒန် ဒေသန္တရ တရားရုံးက ညီအစ်ကို ကွန်စတန်တင် ပီထရို့ကို အိမ်အကျယ်ချုပ်ထားဖို့ စီရင်ချက် ချလိုက်ပါတယ်။ သူဟာ ထောင်ဒဏ် ၆၄ ရက် ကျခံပြီး ဖြစ်ပါတယ်။ ညီအစ်ကို သုံးယောက် ထောင်မကျတော့လို့ ကျွန်တော်တို့ ဝမ်းသာကြပါတယ်။ သူတို့အမှုတွေကို ဆိုင်းငံ့ထားဆဲ ဖြစ်ကာ ပြစ်ဒဏ် ချမှတ်ရင် ထောင်ဒဏ် ဆယ်နှစ်အထိ ကျခံနိုင်ပါတယ်။

ရုရှားနိုင်ငံတစ်ဝန်းမှာ ဩဂုတ် ၁၆ ရက်အထိ သက်သေခံ ၉ ဦး အိမ်အကျယ်ချုပ် ကျကာ ၂၅ ဦး ထောင်ကျနေပါတယ်။ နောက်ထပ် ညီအစ်ကို/မ ၃၀ ဦးဟာ အာဏာပိုင်တွေဆီက ခွင့်ပြုချက် မရယူဘဲ မြို့ပြင် မထွက်ပါဘူးဆိုတဲ့ ခံဝန်ချက် လက်မှတ်ထိုးကြရတယ်။ ရုရှားနိုင်ငံမှာ ဆိုးရွားတဲ့အခြေအနေတွေ ကြုံနေတဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေကြပါတယ်။—၂ ကောရိန္သု ၁:၁၁