မာတိကာဆီ ကျော်သွား

ဇွန် ၃၀၊ ၂၀၂၀
ရုရှား

ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ကနေ စောစောလွှတ်ဖို့ အမိန့်ချတာကို အစိုးရရှေ့နေက အယူခံဝင်

ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ကနေ စောစောလွှတ်ဖို့ အမိန့်ချတာကို အစိုးရရှေ့နေက အယူခံဝင်

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ကနေ စောစီးစွာ လွတ်ခွင့်ပေးတာကို တားမြစ်ဖို့ ကာ့စ်ခ်ပြည်နယ်၊ ခရိုင်တရားရုံး အစိုးရရှေ့နေ အေ. အေ. ရှတူနို့က အယူခံဝင်ထားကြောင်း သိရပါတယ်။ ညီအစ်ကိုရဲ့ ရှေ့နေတွေက ကန့်ကွက်စာ တင်ကြမှာ ဖြစ်ပေမဲ့ တရားရုံးက အမှုကို ကြားနာဖို့ သီတင်းပတ်နဲ့ချီ စောင့်ရပါလိမ့်မယ်။ အကျဉ်းထောင်က ညီအစ်ကို ခရစ်တန်ဆန်ကို အချုပ်ခန်းထဲ ပြောင်းပြီး ဆယ်ရက် ချုပ်ထားတယ်။ ဒီလို အပြောင်းအလဲတွေ ဖြစ်သွားပေမဲ့လည်း ညီအစ်ကို ခရစ်တန်ဆန်ရဲ့ အခြေအနေ ကောင်းနေပါတယ်။ ညီအစ်ကို ခရစ်တန်ဆန်တို့ ဇနီးမောင်နှံအတွက် ဆက်ဆုတောင်းပေးလို့ ကျေးဇူးတင်ပါတယ်။