မာတိကာဆီ ကျော်သွား

မေ ၂၃၊ ၂၀၁၉
ရုရှား

ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ချဖို့ ဆုံးဖြတ်ချက်ကို အယူခံတရားရုံးက အတည်ပြု

ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ချဖို့ ဆုံးဖြတ်ချက်ကို အယူခံတရားရုံးက အတည်ပြု

ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ အယူခံမှုကို ၂၀၁၉၊ မေ ၂၃ ရက်နေ့မှာ အိုရွိုလ်ခရိုင်တရားရုံး တရားသူကြီးသုံးဦးအဖွဲ့က ပယ်ချပြီး ယခင်ချမှတ်တဲ့ ထောင်ဒဏ်ခြောက်နှစ်ကို အတည်ပြုလိုက်ပါတယ်။ ကြားနာမှုကို ညီအစ်ကို/မ ၈၀ လောက်အပြင် ဩစတြေးလျ၊ ဒိန်းမတ်နိုင်ငံတို့က အစိုးရအရာရှိတွေလည်း တက်ရောက်ကြပါတယ်။ အမှုရလဒ်တွေကို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြပါတယ်။

ညီအစ်ကို ခရစ်တန်ဆန်ကို ပြစ်ဒဏ် စတင်ချမှတ်တဲ့ ဖေဖော်ဝါရီလကနေ သုံးလအတွင်း ယေဟောဝါသက်သေအိမ်တွေကို ဝင်ရောက်စီးနင်းမှု ၁၁၅ ကြိမ် ရှိခဲ့ပါတယ်။ ဒါကြောင့် ယခင် သုံးလထက် ယေဟောဝါသက်သေတွေအပေါ် ရာဇဝတ်မှု ကျူးလွန်တာ သုံးဆ ရှိလာပါတယ်။

ညီအစ်ကို ခရစ်တန်ဆန်နဲ့ ရုရှားနိုင်ငံက ယုံကြည်သူချင်းတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေကြပါတယ်။ ယေဟောဝါဘုရားဟာ ‘ဆုတောင်းတဲ့သူတိုင်းရဲ့ အနီးအပါးမှာ ရှိ’ ကြောင်း၊ နှိပ်စက်ညှဉ်းပန်းမှုကို ရင်ဆိုင်ဖို့ ညီအစ်ကိုတွေရဲ့ ဆုံးဖြတ်ချက်ကို ဆက်ထောက်မနေမှာဖြစ်ကြောင်း ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၄၅:၁၈