မာတိကာဆီ ကျော်သွား

အိုရွိုလ်ခရိုင်တရားရုံး တရားသူကြီး သုံးဦးပါတဲ့အဖွဲ့က ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ ထောင်ဒဏ် ခြောက်နှစ်ပြစ်ဒဏ်ကို အတည်ပြုကြောင်း ဖတ်ကြားနေစဉ်

ဇွန် ၁၁၊ ၂၀၁၉
ရုရှား

ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ ပြစ်ဒဏ်အတွက် လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးထံ အယူခံဝင်

ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ ပြစ်ဒဏ်အတွက် လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးထံ အယူခံဝင်

ဖော်ပြပြီးတဲ့အတိုင်း ၂၀၁၉၊ မေ ၂၃ ရက်နေ့မှာ အိုရွိုလ်ခရိုင်တရားရုံးက ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ ပြစ်ဒဏ်ကို အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ညီအစ်ကို ခရစ်တန်ဆန်ရဲ့ ထောင်ဒဏ်ခြောက်နှစ် ပြစ်ဒဏ်ဟာ အတည်ဖြစ်သွားပါပြီ။ ညီအစ်ကို ခရစ်တန်ဆန်ဟာ ပြစ်ဒဏ်စီရင်ချက်မချခင် ထောင်ထဲမှာ နှစ်နှစ် နေခဲ့ရပြီး ဖြစ်တယ်။ အဲဒါက ရုရှားဥပဒေအရ ထောင်ဒဏ် သုံးနှစ်နဲ့ ညီမျှတယ်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ထောင်ထဲမှာ နောက်ထပ် သုံးနှစ် နေရပါဦးမယ်။ ညီအစ်ကို ခရစ်တန်ဆန်ကို ထောင်ဒဏ် စတင်ကျခံစေဖို့ ၂၀၁၉၊ ဇွန် ၆ ရက် ညနေပိုင်းမှာ အလုပ်ကြမ်းစခန်း အကျဉ်းထောင်တစ်ခုဆီ ရွှေ့ပြောင်းလိုက်ကြပါပြီ။ ညီအစ်ကို ခရစ်တန်ဆန် ပြစ်ဒဏ်ချမှတ်ခံရမှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) ထံ အယူခံဝင်ပါမယ်။ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်ခံထားရတာနဲ့ ပတ်သက်ပြီး တိုင်ကြားချက်တစ်ခုကိုလည်း ECHR မှာ တင်ထားပြီးဖြစ်တယ်။

မတရားဆက်ဆံမှု ဆက်တိုက်ကြုံနေရပေမဲ့လည်း ညီအစ်ကို ခရစ်တန်ဆန်ရဲ့ တည်ငြိမ်မှုကို တွေ့ရတဲ့အတွက် ချီးမွမ်းပါတယ်။ ညီအစ်ကို ခရစ်တန်ဆန်ကိုရော ရုရှားမှာ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံနေရတဲ့ နောက်ထပ် ယေဟောဝါသက်သေ အယောက် ၂၀၀ ကျော်ကိုပါ ယေဟောဝါ ဆက်ကူညီထောက်မမယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၂၇:၁

၂၀၁၉၊ မေ ၁၆ ရက်နေ့တုန်းက အိုရွိုလ် ခရိုင်တရားရုံးမှာ ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ လျှောက်လှဲချက် မိတ္တူကို ဖတ်ပါ။

၂၀၁၉၊ မေ ၂၃ ရက်နေ့တုန်းက အိုရွိုလ် ခရိုင်တရားရုံးမှာ ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ လျှောက်လှဲချက် မိတ္တူကို ဖတ်ပါ။